ခရစ္စမတ်ကို ကလေးတွေနဲ့အတူ ကျန်းမာရေးစင်တာမှာဖြတ်သန်းခဲ့တဲ့ Kim Woo Bin

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ KIm Woo Bin ဟာဆိုရင် ဒီနှစ်အတွက် ခရစ္စမတ်ကို ဆိုးလ်မြို့ရှိ Pediatrics of Asan Medical Center မှာ ကလေးငယ်တွေနဲ့အတူ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။
ဒီလိုဖြတ်သန်းခဲ့ရာမှာ ဆေးရုံမှာရှိတဲ့ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်အရေအတွက် ၂၀၀ ကျော်ကိုလည်း ပေးသွားခဲ့သလို ဒီအကြောင်းတွေကိုတော့ Kim Woo Bin ရဲ့အေဂျင်စီဖြစ်တဲ့ AM Entertainment ကနေလည်း အတည်ပြုပေးထားတာကို တွေ့ရပါတယ်။
အဆိုပါလက်ဆောင်ပစ္စည်းတွေကိုတော့ Kim Woo Bin က ကလေးတွေကို သူကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့တာဖြစ်ပြီး ပါကင်ထုပ်တစ်ထုပ်ဆီတိုင်းမှာဆိုရင် ရောင်စုံခဲတံတွေ၊ ပုံဆွဲစာအုပ်တွေ၊ ရေဗူးတွေနဲ့ သူကိုယ်တိုင်ရေးသားထားတဲ့ ဆုတောင်းအားပေးစကားတွေပါဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Kim Woo Bin ဟာ သူ့ရဲ့အင်စာတာဂရမ်စာမျက်နာကနေတစ်ဆင့် “Wishing everything is full of health, happiness, and miracle” လို့ရေးသားကာ ခရစ္စမတ်အမှတ်တရအနေနဲ့ ပို့စ်တင်ခဲ့တာကိုတွေ့ရပြီး ပရိသတ်တွေကတော့ ကြင်နာတတ်တဲ့စိတ်ထားပိုင်ရှင်ဖြစ်တဲ့ Kim ကို ချီးကျူးစကားတွေပြောပေးထားကြပါတယ်။
Ref : GStarLive
Nemo