နှစ်သစ်ကူးအားလပ်ရက်ကို အလှူအတန်းနဲ့ဖြတ်သန်းခဲ့တဲ့ မင်းသမီး Shin Min Ah

နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Shin Min Ah ဟာဆိုရင် လက်ရှိနှစ်သစ်ကူးအားလပ်ရက်ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းနေလျက်ရှိပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင် လတ်တလောရက်ပိုင်းအတွင်း သူမ လှူဒါန်းခဲ့တဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ ၂ သိန်း (ကိုရီးယားဝမ် သန်း ၂၆၀) ခန့်ရှိတယ်လို့ သိရပါတယ်။

သူမဟာ ဒီငွေတွေကို ဆိုးလ်မြို့ရှိ Community Chest of Korea နဲ့ Asan Medical Center အပါအဝင် တခြားသောလူမှုအဖွဲ့အစည်းတွေဆီလှူဒါန်းခဲ့တာဖြစ်ပြီး သူမအနေနဲ့ အခုလိုလှူဒါန်းမှု‌တွေကို ဒီနှစ်ထဲမှုပြုလုပ်တာဟာဆိုရင် ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုလို အလှူအတန်းနဲ့ပတ်သက်လာရင် လက်မနှေးတဲ့သူမဟာ အခု ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း တောမီးလောင်ကျွမ်းပြီးနောက် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် Hope Bridge National Disaster Relief Association ကို ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ်ကစတင်လို့ လိုအပ်တဲ့နေရာတွေမှာ အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့တဲ့သူမဟာဆိုရင် ၂၀၁၉ ခုနှစ်တုန်းကလည်း Presidential Commendation ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x