YG Entertainment နဲ့ အပြီးတိုင်လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ iKON

နာမည်ကြီးအမျိုးသား Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iKON ဟာဆိုရင် သူတို့ကို စင်တင်ပွဲထုတ်ပေးခဲ့တဲ့ YG Entertainment နဲ့ လက်ရှိအချိန်မှာ အပြီးတိုင်လက်တွဲဖြုတ်လိုက်ပြီဖြစ်တယ်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့ သတင်းတွေအရသိရပါတယ်။
ဒီလိုလက်တွဲဖြုတ်ရာမှာ Jinhwan, Bobby, Yunhyeong, Junhoe, Donghyuk နဲ့ Chanwoo တို့ အဖွဲ့ဝင် ၆ ယောက်လုံးက တစ်စုတစ်စည်းတည်းဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပြီး ထွက်ရှိလာတဲ့သတင်းတွေမှာတော့ စာချုပ်သက်တမ်း ၇ နှစ်ပြည့်မြောက်သွားတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။
လတ်တလောမှာတော့ အဖွဲ့ဝင်တွေအားလုံးဟာ အဖွဲ့လိုက်ဆက်လက်လှုပ်ရှားဖို့အတွက် အေဂျင်စီတစ်ခုရှာဖွေနေကြသလို တချို့တွေကလည်း အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ B.I. တည်ထောင်ထားတဲ့ ကုမ္ပဏီနဲ့ လက်တွဲနိုင်တယ်လို့ ထင်ကြေးပေးခန့်မှန်းထားကြတာကိုတွေ့ရပါတယ်။
YG Entertainment ဘက်ကတော့ iKON အဖွဲ့ဝင်တွေအားလုံးအတွက် ဆုမွန်ကောင်းတောင်းစကားနဲ့အတူ နှုတ်ဆက်ထားပြီး ဒီနှစ်ပိုင်းအတွင်းမှာအတူရှိနေပေးခဲ့ကြတဲ့အတွက်ကလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
Ref : Soompi
Nemo