မအောင်မြင်မီအချိန်က စီနီယာ Idol တွေအတွက် နောက်ခံအကသမားလုပ်ခဲ့ဖူးကြတဲ့ နာမည်ကျော် K-Pop Idol များ
မအောင်မြင်မီအချိန်က စီနီယာ Idol တွေအတွက် နောက်ခံအကသမားလုပ်ခဲ့ဖူးကြတဲ့ နာမည်ကျော် K-Pop Idol များ
K-Pop ပရိတ်သတ်အချို့ဟာတော့ သူတို့ချစ်ရတဲ့ Idol တွေဟာ ပွဲဦးမထွက်ခင်မှာလည်း K-Pop နယ်ပယ်မှာ နောက်ခံအကသမားတွေအဖြစ် ကျင်လည်ဖူးခဲ့ကြတယ်ဆိုတာ သိကြမှာပါ။
ပွဲဦးထွက်ဖို့ အပြင်းအထန် လေ့ကျင့်မှူတွေအပြင် အချို့သော Idol တွေကတော့ စီနီယာ Idol တွေရဲ့ နောက်ကွယ်မှနေလည်း နောက်ခံ အကသမားများအဖြစ် ပံ့ပိုးပေးခဲ့ကြဖူးပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ နောက်ခံအကသမားတွေ ဖြစ်ခဲ့ကြဖူးတဲ့ နာမည်ကျော် K-Pop Idol (၆) ဦးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1. Karina
aespa အဖွဲ့ဝင် Karina ကတော့ SHINee အဖွဲ့ဝင် Taemin, EXO အဖွဲ့ဝင် Kai တို့ရဲ့ နောက်ခံအကသမားအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
2. Lee Know
StrayKids အဖွဲ့ဝင် Lee Know ကတော့ BTS အဖွဲ့ရဲ့ နောက်ခံအကသမား ဖြစ်ခဲ့ဖူးပါတယ်။
3. J-Hope နဲ့ Jungkook
BTS အဖွဲ့ဝင်တွေဖြစ်ကြတဲ့ J-Hope နဲ့ Jungkook တို့ဟာ အဆိုတော် Jo Kwon အတွက် နောက်ခံအကသမားတွေ ဖြစ်ခဲ့ဖူးပါတယ်။
4. Kang Daniel
Wanna One အဖွဲ့ဝင်ဟောင်း Kang Daniel ကတော့ အဆိုတော် Cao Lu, Sihyun တို့ရဲ့ “Invitation” ဖျော်ဖြေပွဲမှာ အကသမားအဖြစ် ဖျော်ဖြေခဲ့ဖူးပါတယ်။
5. Shownu
Monsta X အဖွဲ့ဝင် Shownu ကတော့ နာမည်ကျော် အဆိုတော် Lee Hyori ရဲ့ ပင်တိုင် နောက်ခံအကသမားအဖြစ် ကျင်လည်ခဲ့ဖူးပါတယ်။