ကိုယ်ဝန်ရရှိဖို့ခက်ခဲနေတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ Lee Hyori

ကိုရီးယားဖျော်ဖြေရေးလောကရဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်သူ Lee Hyori ဟာဆိုရင် သူမ လိုချင်တဲ့ အနာဂတ်မိသားစုပုံစံအကြောင်းကို Canada Check-In လို့အမည်ရတဲ့ အစီအစဉ်မှာ အခုလိုပဲ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ အသက် ၂၀ အရွယ်ကတည်းက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့တဲ့ သူမဟာ တကယ်လို့များ အခုအချိန်မှာ အသက် ၂၀ ကို ပြန်လည်ရောက်ရှိသွားခဲ့မယ်ဆိုရင်တော့ အနုပညာရှင်တစ်ယောက်အဖြစ်မဟုတ်ဘဲ သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်သွားချင်တယ်လို့ ဆိုခဲ့တာကိုတွေ့ရပါတယ်။

“အဲဒီဆန္ဒတွေက အခု ကနေဒါကိုရောက်လာပြီးမှ ပိုပြီးခိုင်မာသွားတာရှင့် … လက်ထပ်မယ်၊ ကလေးမွေးမယ်၊ ပြီးရင် မိသားစုကြီးတစ်ခုကို ဖန်တီးမယ် … ကလေးတစ်ယောက်ကို ပျိုးထောင်ရတဲ့ဘဝမျိုးကို ကျွန်မ အရမ်းနေချင်တာ” လို့ဆိုကာ Lee Hyori က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Lee Hyori ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ ဂီတပညာရှင် Lee Sang Soon နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာတော့ သူမတို့ဇနီးမောင်နှံဟာ ရင်သွေးလေးရရှိဖို့ ကြိုးစားနေကြောင်းဆိုကာ အသိပေးလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်ကိုရောက်ချိန်မှာတော့ သူမက “ကျွန်မတို့ ကိုယ်ဝန်ရချင်ပေမယ့်လည်း အဲဒါက ထင်သလောက် မလွယ်ခဲ့ဘူး … ကြည့်ရတာ ကျွန်မက အသက်ကြီးနေပြီမို့လို့ ထင်တယ်” လို့ဆိုကာ သူမတို့ဇနီးမောင်နှံအနေနဲ့ ကိုယ်ဝန်ရရှိဖို့ ခက်ခဲကြောင်းကို ဝန်ခံလာခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ Lee Hyori နဲ့ တွေ့ဆုံခဲ့တဲ့ မိသားစုဟာဆိုရင် မျိုးဆက်သုံးဆက်တိုင် အိမ်တစ်အိမ်တည်းမှာ စည်းစည်းလုံးလုံး နေထိုင်လာခဲ့ကြတဲ့ မိသားစုကြီးဖြစ်ပြီး အဆိုပါမိသားစုကို တွေ့မြင်ရပြီးချိန်မှာတော့ Lee Hyori က သူမအနေနဲ့ အားကျစိတ်နဲ့အတူ မနာလိုလည်းဖြစ်ကြောင်း ဆိုလာခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x