YG မှ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့တဲ့ Daesung
YG မှ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့တဲ့ Daesung
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ Big Bang အဖွဲ့ဝင် Daesung ဟာ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး ၁၆ နှစ်ကျော် လက်တွဲလာခဲ့ရာမှာ နှုတ်ဆက်ခဲ့ကာ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
YG နဲ့ လမ်းခွဲခဲ့ပေမဲ့ BIGBANG အဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေဆဲ Daesung ဟာ လက်ရှိမှာတော့ ဘယ်အေဂျင်စီနဲ့ ပူးပေါင်းသွားမလဲဆိုတာကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ Daesung ဟာ သူ့ရဲ့ YouTube channel D’splay မှာ video လေးတစ်ခုကို တင်ထားခဲ့ပြီး YG က ထွက်ခွာပြီးနောက် သူ့ရဲ့ခံစားချက်တချို့ကို ပြောပြလို့လာခဲ့ပါတယ်။
Video ထဲမှာတော့ Daesung က YG Entertainment နဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် သူ့ရဲ့လက်ရေးစာတစ်စောင်ကို ဖော်ပြခဲ့ပါတယ်။
စာထဲမှာတော့ “ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ YG ကို အခုလိုဖြစ်လာအောင် ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ သူတို့ကို တကယ့်ကို လေးလေးနက်နက် ကျေးဇူးတင်ပြီး ကျွန်တော့်ဘဝရဲ့ နောက်ထပ် စွန့်စားခန်းအသစ်ကို စတင်လိုက်ပါတယ်”
“မကြောက်ဘူးလို့ ပြောရင် လိမ်ရာကျပါလိမ့်မယ်” လို့ သူကဆိုရင်း “၂၀၂၃ ရောက်လာပါပြီ၊ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိပေမယ့် သတ္တိရှိရှိနဲ့ ရှေ့ဆက်နေပါတယ်။ တစ်ချိန်ချိန်မှာတော့ တန်ဖိုးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။”
“ကျွန်တော်ဟာ အတွေ့အကြုံနည်းပါးပြီး ချို့ယွင်းချက်များစွာရှိပေမဲ့ ဒီလမ်းကြောင်းကိုပဲ ခိုင်မာစွာ လျှောက်လှမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားတာမလို့ ခရီးလမ်းမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးကူညီမှုတွေကို ဆက်လက်မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်။”
Daesung က နိဂုံးချုပ်အနေနဲ့ “အမြဲတမ်းတော့ ဘယ်အရာမှ မတည်မြဲဘူးလို့ ယေဘူယျပြောကြတယ်။ ဒါပေမယ့် BIGBANG က ထာဝရတည်မြဲနေတယ်ဆိုတာ ကျွန်တော် သေချာသိထားပါတယ်။” လို့ အဆုံးသတ်ရင်း ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။