ချွေးထုတ်ခန်းမှာ နှလုံးရပ်သွားခဲ့တဲ့လူနာကို အရေးပေါ် CPR နည်းနဲ့ ကယ်တင်ပေးခဲ့တဲ့ SF9 အဖွဲ့ဝင် Dawon

ချွေးထုတ်ခန်းမှာ နှလုံးရပ်သွားခဲ့တဲ့လူနာကို အရေးပေါ် CPR နည်းနဲ့ ကယ်တင်ပေးခဲ့တဲ့ SF9 အဖွဲ့ဝင် Dawon

SF9 အဖွဲ့ဝင် Dawon ကတော့ ချွေးထုတ်ခန်းရောက်နေစဥ်အတွင်း နှလုံးရပ်သွားခဲ့တဲ့ ပြည်သူတစ်ဦးကို ကယ်တင်ပေးခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာ SF9 ရဲ့ အေဂျင်စီ FNC Entertainment မှ Dawon ဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြုလုပ်မယ့် Season’s Greeting fan event ကို တက်ရောက်မှာမဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်လာခဲ့တာပါ။

FNC Entertainment ၏ အဆိုအရ Dawon ဟာ ဇန်နဝါရီ ၅ ရက်နေ့က သူပုံမှန်သွားနေကျ ရေပူချိုးခန်းမှာ ရေချိုးနေစဉ်အတွင်း နှလုံးရပ်သွားခဲ့တဲ့ လူတစ်ယောက်ကို တွေ့ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် Dawon ဟာ လူနာကို မလွှဲပြောင်းမီ ဖုန်းဖြင့် အရေးပေါ်ဌာနာက ဆေးမှူးများရဲ့ ညွှန်ကြားချက်များအတိုင်း CPR အစီအမံများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ လူနာလည်း နှလုံးပြန်ခုန်လာခဲ့ပြီး 119 က ဆေးမှူးတွေလည်း ရောက်ရှိလာခဲ့ကြပါတယ်။

ဒီဖြစ်စဥ်ကို အေဂျင်စီက Dawon နဲ့အတူ ဆွေးနွေးမှုခဲ့အပြီး အနားပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ Dawon ကတော့ တကယ့်ကို လူသားဆန်ပြီး ချီးမွမ်းစရာကောင်းတဲ့ လုပ်ရပ်လေးတစ်ခုကို ပြုလုပ်သွားခဲ့တာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x