လေဆိပ်မှာ နှစ်ယောက်သား date လုပ်ခဲ့ကြတယ်လို့ သတင်းတွေထပ်မံထွက်ပေါ်လာတဲ့ Dilireba နဲ့ Xiao Zhan
လေဆိပ်မှာ နှစ်ယောက်သား date လုပ်ခဲ့ကြတယ်လို့ သတင်းတွေထပ်မံထွက်ပေါ်လာတဲ့ Dilireba နဲ့ Xiao Zhan
လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရုတ်ပြည်မရဲ့ ဖျော်ဖြေရေးနယ်ပယ်က ကမ္ဘာကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ Xiao Zhan နဲ့ Dilireba တို့ရဲ့ dating သတင်းတွေဟာ ထပ်မံပြီး အငြင်းပွားဖွယ်ရာ ပျံ့နှံ့လို့နေခဲ့ပါတယ်။
Weibo မှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ မင်းသမီး Dilireba Dilmurat ဟာ လေဆိပ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသားတစ်ယောက်နဲ့ တွဲရပ်နေခဲ့တာကို မြင်တွေ့ရမှာပါ။
အင်တာနက် အသုံးပြုသူတွေကတော့ မင်းသမီးချောရဲ့ဘေးက အမျိုးသားဟာ မင်းသားချော Xiao Zhan ကလွဲပြီး နောက်လူမရှိနိုင်ကြောင်း ကောက်ချက်ချထားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမှုတွေနဲ့အတူ အဆိုပါပို့စ်က အတော်လေး နာမည်ကြီးလာခဲ့ပါတော့တယ်။
လူမှုကွန်ရက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့လာပြီးနောက် လူထုရဲ့ စိတ်ဝင်စားမှုများစွာ ရရှိခဲ့ရာမှာ နောက်ဆုံး ကြယ်ပွင့်နှစ်ဦးလုံးကတော့ အဆိုပါဓာတ်ပုံဟာ ကောလာဟလများကို ဆိုးရွားစေရန် ရည်ရွယ်ပြီး တင်ထားခဲ့တဲ့ ဓာတ်ပုံအတုတွေသာဖြစ်ကြောင်း ကာယကံရှင်နှစ်ဦးစလုံးမှ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။
တစ်ဖက်မှာလည်း မင်းသမီး Dilireba ရဲ့ စတူဒီယိုက ဆိုရှယ်မီဒီယာ ဆိုက်အမျိုးမျိုးမှာ သူတို့မင်းသမီးနဲ့ ပတ်သက်ပြီး Xiao Zhan နဲ့ dating သတင်းတွေကို မီးမောင်းထိုးပြနေတဲ့ အချက်အလက် အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။
စတူဒီယိုဘက်က Dilireba နဲ့ Xiao Zhan နဲ့ ပတ်သက်တဲ့ အကြောင်းအရာအားလုံးဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ သက်သေများကို စုဆောင်းရန်အတွက် ရှေ့နေတစ်ဦးကို ရှာဖွေနေကြောင်း၊ Dilireba ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သတင်းမှားတွေ ဖြန့်ဝေခဲ့သူအားလုံးကိုလည်း တရားစွဲဖို့ ပြင်ဆင်နေကြောင်း သတိပေးသွားခဲ့ပါတယ်။