နှစ်သစ်မှာ ဆံပင်ပုံစံအသစ်နဲ့ ပရိသတ်တွေကိုအံ့အားသင့်စေခဲ့တဲ့ Mai Davika

နှစ်သစ်မှာ ဆံပင်ပုံစံအသစ်နဲ့ ပရိသတ်တွေကိုအံ့အားသင့်စေခဲ့တဲ့ Mai Davika

Mai Davika ဟာ လက်ရှိပြည်တွင်းနဲ့ နိုင်ငံတကာ ပရိသတ်တွေကို ဖမ်းစားထားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။

Mai Davika ဟာ သရုပ်ဆောင်အလုပ်အပြင် မော်ဒယ်တစ်ယောက်အဖြစ်နဲ့လည်း နာမည်ကြီး Brand တွေရဲ့ global brand ambassador အဖြစ် လက်တွဲထားသူပါ။

ဒါတင်မကသေးဘဲ မင်းသမီးချောလေး Mai Davika ဟာ မကြာသေးခင်ကလည်း အဆိုဘက်ပိုင်းကို ကူးပြောင်းလာခဲ့ပြီး သူမရဲ့ကိုယ်ပိုင်သီချင်းခေးဖြစ်တဲ့ “Can I Call You Mine” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားခဲ့ပြီး ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူပါ။

အခုချိန်မှာ အသက် ၃၀ ရှိပြီဆိုပေမယ့် အလှအပပိုင်းအရနဲ့ နာမည်ကျော်ကြားမှုမှာတော့ တစ်နေ့တခြား မြင့်မားလာနေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ခံလေးဖြစ်သလို ပြည်ပပရိသတ်ကိုလည်း အများဆုံး ပိုင်ဆိုင်ထားသူလေးပါ။

မင်းသမီးချောလေးဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လာရင်လည်း ထိုင်းနိုင်ငံရဲ့ ကိုယ်စားပြု icon အဖြစ် ရှိနေခဲ့ပြီး ၂၀၂၃ နှစ်ကူးမှာလည်း သူမရဲ့ ဆံပင်ပုံစံကို အတိုအဖြစ် ပြောင်းလဲခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေထားခဲ့ပါတယ်။

တစ်ချိန်ကလည်း miss universe လို အလှတရားမျိုးနဲ့ ပိုးသား ဆံပင်အရှည်လေးနဲ့အတူ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့သလို အခုချိန်မှာလည်း ဆွဲဆောင်မှုရှိတဲ့ ဆံပင်တိုလေးနဲ့ နှစ်သစ်မှာ Davika ကတော့ ပရိသတ်တွေကို သူမရဲ့ ကွဲပြားခြားနားတဲ့ style တွေနဲ့ ထပ်မံအသည်းခြွေသွားဖို့ ရှိနေခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x