Idol ဖြစ်ဖို့ အပြင်းအထန်လေ့ကျင့်ခဲ့ကြပြီးမှ မင်းသားအဖြစ်နဲ့ နာမည်ကျော်ကြားလာခဲ့သူများ

Idol ဖြစ်ဖို့ အပြင်းအထန်လေ့ကျင့်ခဲ့ကြပြီးမှ မင်းသားအဖြစ်နဲ့ နာမည်ကျော်ကြားလာခဲ့သူများ

ကိုရီးယားအနုပညာနယ်ပယ်မှ အနုပညာရှင်တွေကတော့ ထင်ရှားကျော်ကြားတဲ့ ကြယ်ပွင့်များဖြစ်လာဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြရပါတယ်။

အခုဖော်ပြပေးသွားမယ့် မင်းသားချောတွေကတော့ အစပိုင်းမှာ K-Pop Idol ဖြစ်လာဖို့အတွက် ရည်ရွယ်ထားခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ရပြီး အောင်မြင်ကျော်ကြားလာခဲ့သူတွေပါ။

၁။ Lee Jong Suk

KBS 2TV ရဲ့ Entertainment Relay မှာတော့ Lee Jong Suk က SM Entertainment လက်အောက်ရှိ K-Pop အဖွဲ့တစ်ဖွဲ့နဲ့ ပွဲဦးထွက်အတွက် ပြင်ဆင်ခဲ့ဖူးပြီး ၃ လခန့် လေ့ကျင့်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ ထရိန်နင်ဘဝက rapper တစ်ဦး ဖြစ်ခဲ့ပါတယ်။

၂။ Ahn Hyo Seop

” Business Proposal ” ရဲ့ အမျိုးသားဇာတ်ဆောင် Ahn Hyo Seop ကတော့ JYP မှာ ၃ နှစ်အကြာ လေ့ကျင့်ခဲ့ပြီး အဲဒီအချိန်က GOT7 အဖွဲ့နဲ့ ပွဲဦးထွက်လုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။

၃။ Kim Min Gyu

“Business Proposal” က နောက်ထပ် ဇာတ်ဆောင် မင်းသားချော Kim Min Gyu ကလည်း နာမည်ကျော် SEVENTEEN အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခါနီးအထိ လေ့ကျင့်ခဲ့ဖူးပါတယ်။

၄။ Kim Min Jae

Kim Min Jae ကလည်း CJ E&M ထုတ်လုပ်ရေးရဲ့ 1st gen သင်တန်းသား ဖြစ်ခဲ့သူပါ။ Kim Min Suk, ACE အဖွဲ့ဝင် Donghoon, Jun နဲ့ SF9 အဖွဲ့ဝင် Youngbin တို့နဲ့လည်း ၄ နှစ်လောက် လေ့ကျင့်သင်ကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x