အိမ်ထောင်ရှိအမျိုးသမီးနဲ့ဖောက်ပြန်ပြီး သူတစ်ပါးမိသားစုကို ပြိုကွဲအောင်ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Idol သရုပ်ဆောင်တစ်ဦး
အိမ်ထောင်ရှိအမျိုးသမီးနဲ့ဖောက်ပြန်ပြီး သူတစ်ပါးမိသားစုကို ပြိုကွဲအောင်ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Idol သရုပ်ဆောင်တစ်ဦး
ကိုရီးယားအနုပညာရှင်တွေရဲ့ အတွင်းရေးသတင်းတွေကို ဖော်ကောင်လုပ်လေ့ရှိတဲ့ YouTuber Lee Jin Ho ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အိမ်ထောင်ရေးဖောက်ပြန်တဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ သတင်းတစ်ခုကို အခုလိုမျိုးပဲထုတ်ဖော်ပြောပြခဲ့ပါတယ်။
အဲဒါကတော့ Idol အဖြစ်ကနေ သရုပ်ဆောင်အဖြစ်ဆီကို ကူးပြောင်းထားတဲ့ အနုပညာရှင်တစ်ယောက်ဟာ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့ဖောက်ပြန်ပြီး သူများမိသားစုကို ပြိုကွဲပျက်စီးစေခဲ့တယ်ဆိုတာပါပဲ။
YouTuber Lee Jin Ho ကတော့ သူဟာ ယင်းအိမ်ထောင်သည်အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ အင်တာဗျူးလုပ်ခဲ့ဖူးတယ်လို့ ပြောထားပါတယ်။ အဆိုပါအင်တာဗျူးမှာဆိုရင် အိမ်ထောင်သည်အမျိုးသားဖြစ်သူက “ကျွန်တော့်ရဲ့မိန်းမကို အဲဒီအနုပညာရှင်က သတိရလိုက်တာ၊ သွားသောက်ကြရအောင်၊ ဒီထက်ပိုပြီးမကြာမကြာတွေ့ကြမယ်နေပြီး စာတွေပို့တာဗျ … နောက်ပြီး ဖုန်းတွေကိုလည်းနေ့တိုင်းခေါ်တာ” လို့ဆိုကာ ဖွင့်ဟပြောပြခဲ့တယ်လို့သိရပါတယ်။
ယင်းအိမ်ထောင်သည်အမျိုးသားရဲ့ပြောစကားအရကတော့ သူ့ရဲ့ဇနီးဖြစ်သူနဲ့ အနုပညာရှင်အမျိုးသားတို့ဟာ ရည်းစားဟောင်းတွေဖြစ်ကြပြီး ဇနီးဖြစ်သူက အိမ်ထောင်ရှိနေမှန်းသိတာတောင် ယင်းအနုပညာရှင်က တမင်ချည်းကပ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့အိမ်ထောင်ရေးဟာ ပြိုကွဲမယ့်အခြေအနေကိုရောက်ရှိနေပြီး သူတို့သားလေးကိုလည်း ဇနီးဖြစ်သူက သူမရဲ့မိဘနေအိမ်ဆီပို့ထားတာကြောင့် သားလေးကိုမတွေ့ရတာ လအတော်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Lee Jin Ho ကတော့ အဆိုပါအနုပညာရှင်အမျိုးသားဖြစ်သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတိအလင်းထုတ်ဖော်ပြောထားခြင်းမရှိပေမယ့်လည်း တင်ဆက်ထားတဲ့ဗီဒီယိုဖိုင်ရဲ့ Thumbnail မှာတော့ UN အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သရုပ်ဆောင် Choi Jung Won ရဲ့ပုံကိုထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။
Ref : GStarLive
Nemo