နောင်တစ်ဖန်ပြန်လည်မွေးဖွားလာတဲ့အခါမှာလည်း ခင်ပွန်းဖြစ်သူ HaHa ကိုပဲ လက်ထပ်သွားမယ်လို့ဆိုလာတဲ့ Byul

အဆိုတော်တစ်ယောက်အဖြစ်နဲ့သာမက အိမ်ရှင်မကောင်း၊ မိခင်ကောင်းတစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုရရှိထားတဲ့ Byul ဟာဆိုရင် သူမအနေနဲ့ အကယ်၍များ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့မယ်ဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူ HaHa ကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လက်ထပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကိုတော့ သူမက ဆဌမအကြိမ်မြောက်ထွက်ရှိတဲ့ သူမရဲ့တစ်ကိုယ်တော်အယ်ဘ်ဘမ်အတွက် အင်တာဗျူးထဲမှာ အခုလိုပဲပြောပြသွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ သူမက ယခု အယ်လ်ဘမ်အသစ်ဟာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်သာ ထွက်ရှိလာခဲ့တာဖြစ်ကြောင်းကို အသိပေးဖွင့်ဟသွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ အယ်လ်ဘမ်ထဲမှ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Age” ဟာ သူမကိုယ်တိုင် အသက် ၄၀ ပြည့်ပြီးနောက်မှာ ရေးဖွဲ့ခဲ့သီချင်းတစ်ပုဒ်ဖြစ်ကြောင်းနဲ့ ခင်ပွန်းဖြစ်သူ HaHa ရဲ့ တုံ့ပြန်မှုပုံစံကိုတော့ အခုလိုပဲပြောပြသွားခဲ့ပါတယ်။
“အသက် ၂၀ မှာ စပြီးပွဲထွက်ခဲ့တာဆိုတော့ အသက် ၂၀ ကျော်အချိန်တွေက ကျွန်မဘဝရဲ့ နုပျိုတောက်ပခဲ့တဲ့နေ့ရက်တွေပဲ ဒီတော့ အခုလည်း စတိတ်စင်ပေါ်မတ်တပ်ရပ်နိုင်ခဲ့တဲ့အချိန်ကို ပြန်အောက်မေ့ပြီး ငါက ဒီလိုမျိုးတွေကိုဖြတ်သန်းခဲ့တာပဲလို့ တွေးမိတယ် …”
“ဒါတွေကို ကျွန်မ ယောကျာ်းကိုပြောပြတော့ သူက ‘မင်းမှာ အခု ကလေးသုံးယောက်တောင်ရှိနေပေမဲ့ မင်းက အရင်လိုမျိုး မိမိုက်နေတုန်းပါပဲ’ ဆိုပြီးပြန်ပြောတယ် … ဒီတော့ ကျွန်မလည်း ငါ့ဘဝကို အလဟသက်အဖြစ်မခံဘူးလို့တွေးမိပြီး နောက်တစ်ကြိမ်ပြန်မွေးဖွားလာခဲ့ရင်လည်း ငါ့ယောကျာ်းနဲ့ ကလေးတွေကိုပြန်ပြီးရွေးချယ်မှာလို့ သီချင်းရေးခဲ့မိတယ်”
“ဒီလိုပြောရတာ တစ်မျိုးတစ်မည်တော့ ထင်ကောင်းထင်နိုင်ကြပေမဲ့ တကယ်လို့များ ကျွန်မ နောက်ထပ်ပြန်ပြီးမွေးဖွားလာမယ်ဆိုရင်တောင် ကျွန်မရဲ့အမျိုးသားကိုပဲ ပြန်လက်ထပ်မှာ .. ဒါပေမဲ့ သူ့ကို ဒိတ်တော့မလုပ်ချင်ဘူး … တခြားသူတွေနဲ့ ဒိတ်တင်း အကြိမ် ၂၀ လောက်လုပ်ပြီးမှ နောက်ဆုံး သူ့ကိုလက်ထပ်မှာ” လို့ဆိုကာ Byul က ပြောပြခဲ့တာဖြစ်ပါတယ်။
Ref : GStarLive
Nemo