သူမကိုလက်ဆောင်ပေးတဲ့သွားတိုက်ဆေးထဲမှာ စိန်အစစ်ပါဝင်ကြောင်းသိလိုက်ရချိန်မှာ မဖုံးကွယ်နိုင်လောက် အံ့အားသင့်သွားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Lisa ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ “BORN PINK” World Tour Concert အပြီးမှာ သူမကို Brand Ambassador အဖြစ် ၂ နှစ်မျှ ရွေးချယ်ခန့်အပ်ထားတဲ့ Dentiste သွားတိုက်ဆေးမှ ပြုလုပ်ပေးတဲ့ Fan Meeting ပွဲအခမ်းအနားဆီကို တက်ရောက်ခဲ့ပါတယ်။

ဒီလိုတက်ရောက်ခဲ့ရမှာတော့ အဆိုပါအမှတ်တံဆိပ်ရဲ့ CEO ဖြစ်သူက သူမကို ၁.၂ ကာရက်ရှိ စိန်အစစ်ပါဝင်တဲ့ သွားတိုက်ဆေးကို Surprise Gift အဖြစ်ပေးခဲ့ပြီး အဆိုပါ လက်ဆောင်ကိုလက်ခံရရှိသွားချိန်မှာတော့ သူမရဲ့မျက်နှာ အမူအရာဟာ ဖုံးကွယ်ထားလို့မရအောင် အံ့အားသင့်သွားခဲ့ပါတော့တယ်။

အဲဒီနောက်မှာတော့ သူမအနေနဲ့ ယင်းသွားတိုက်ဆေးကို မသုံးစွဲရက်တာကြောင့် ဖန်ဘောင်နဲ့ သေသေချာချာထည့်သွင်းပြီး အမှတ်တရသိမ်းဆည်းသွားမှာဖြစ်ကြောင်းဆိုကာ ပြောခဲ့တာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x