ညသန်းခေါင် ခေါက်ဆွဲပြုတ်နဲ့ ဝက်ခေါက်ကြော်စားတာတောင် ကိုယ်အလေးချိန်တိုးမလာတာကြောင့် စိတ်ဖိစီးနေရတဲ့ Sandara Park

ညသန်းခေါင်ကို ခေါက်ဆွဲပြုတ်နဲ့ ဝက်ခေါက်ကြော်စားတာတောင် ကိုယ်အလေးချိန်တိုးမလာတာကြောင့် စိတ်ဖိစီးခဲ့ရတဲ့ Sandara Park

အလှအပကိုမြတ်နိုးကြတဲ့ မိန်းကလေးတွေအတော်များများဟာ သွယ်လျလှပတဲ့ကိုယ်ခန္ဓာမျိုးရရှိဖို့အတွက် ပုံစံအမျိုးမျိုးကြိုးစားပြီး အစားကိုလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ စားသောက်ကြလေ့ရှိသော်လည်း 2NE1 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sandara Park အနေနဲ့ကတော့ ဒီလိုဒုက္ခမျိုးကိုမခံစားရဘဲ သွယ်လျကိုယ်ခန္ဓာကို ပိုင်ဆိုင်ရရှိထားသူဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူမဟာ ပင်ကိုယ်အားဖြင့် အစားနည်းသူတစ်ယောက်ဖြစ်သလို ကိုယ်အလေးချိန် ပိုမိုတက်လာစေဖို့အတွက် အစားအသောက်တွေကို ပုံစံအမျိုးမျိုးနဲ့ကြိုးစားပြီး စားလေ့ရှိပေမဲ့လည်း ကိုယ်အလေးချိန်တက်လာခြင်းမရှိတာကြောင့် ဒါနဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေလည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ သူမက Kim Shinyoung ရဲ့ Noon Song of Hope ဆိုတဲ့‌ ရေဒီယိုအ‌စီအစဉ်တစ်ခုမှာ အခုလိုပဲ ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

“ကျွန်မလေ ကိုယ်အလေးချိန်တက်လာဖို့အတွက် မနက်အာရုံတက်ကြီးမှာ ဝက်ခေါက်ကြော်တွေကို တမင်ထပြီး စားခဲ့ဖူးတယ် … ဒါပေမဲ့ ဒုံရင်းက ဒုံရင်းပဲ ဘာဝိတ်မှတက်မလာခဲ့ဘူး .. အဲဒီတော့ ကျွန်မရဲ့ Teainer က ကျွန်မကို ညသန်းခေါင်မှာ ဝက်ခေါက်ကြော်စားပြီး အာရုံတက်ချိန်မှာ ခေါက်ဆွဲပြုတ်စားခိုင်းပါလေရော … အခုဆိုရင် ကျွန်မရဲ့ အိပ်မက်က ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ကို ကျော်နိုင်ဖို့ပဲ” လို့ဆိုကာ သူမရဲ့ဖြစ်အင်အကြောင်းကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x