သူ ကြိုးစားရင် လက်ထပ်နိုင်မဲ့အမျိုးသမီးတစ်ယောက်ရှိကြောင်း ဖွင့်ဟပြောလာတဲ့ Kim Jong Kook

လက်ရှိအချိန်မှာ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ နေထိုင်ဖြတ်သန်းလျက်ရှိတဲ့ Kim Jong Kook ဟာဆိုရင် သူ့အနေနဲ့ ကြိုးစားမယ်ဆို လက်ထပ်လို့ရနိုင်မဲ့ အမျိုးသမီးတစ်ယောက်ရှိကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်လွှင့်သွားခဲ့တဲ့ ‘My Ugly Duckling’ အစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
အဆိုပါအစီအစဉ်မှာပါဝင်ခဲ့တဲ့ ဟာသလူရွှင်တော် Heo Kyung Hwan ရဲ့ မိခင်ဖြစ်သူက Kim Jong Kook နဲ့တွေ့ဆုံခွင့်ရချိန်မှာတော့ သူမရဲ့သားဖြစ်သူဟာ Kim Jong Kook ရဲ့ကျေးဇူးကြောင့် Excellence Award ကို အနိုင်ရရှိခဲ့တာဖြစ်ကြောင်း ပျော်ရွှင်မြူးထူးစွာနဲ့ပြောသွားခဲ့ပြီး အဲဒီနောက်မှာတော့ “မြန်မြန်လက်ထပ်တော့လေ … မဟုတ်ရင် ဒီလိုကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်က အလကားဖြစ်သွားမှာပေါ့ … အခု မင်း စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်လောက်မရှိဘူးလား” လို့ဆိုကာ မေးခွန်းထုတ်လာခဲ့ပါတယ်။
ဒီအခါမှာတော့ Kim Jong Kook က “ကျွန်တော် ကြိုးစားရင်တော့ ရမယ်ထင်ပါတယ်” လို့ဆိုကာ သူ့အနေနဲ့ ကြိုးစားမယ်ဆိုရင် လက်ထပ်ခွင့်ရမဲ့အမျိုးသမီးတစ်ယောက်တော့ ရှိတယ်ဆိုတဲ့အကြောင်းကို ဖွင့်ဟပြောလာခဲ့ပြီး Kim Jong Kook ရဲ့ ဒီစကားကိုကြားလိုက်ရချိန်မှာတော့ အစီအစဉ်မှာ ပါဝင်တင်ဆက်ကြတဲ့သူတွေသာမက ကြည့်ရှူပရိသတ်တွေပါ အံ့အားသင့်သွားခဲ့ကြပါတော့တယ်။
Heo Kyung Hwan ရဲ့ မိခင်ဖြစ်သူဖြစ်သူကလည်း “ကြည့်ရတာ တန်းစီနေတဲ့ကောင်မလေးတွေရှိတယ်ထင်တယ်” လို့ဆိုကာ မှတ်ချက်ပေးခဲ့တာကြောင့် Kim Jong Kook က အဲဒီလိုမျိုးတော့မရှိကြောင်းဆိုကာ ရယ်ရယ်မောမောနဲ့ ပြန်လည်ခွန်းတုံ့ပြန်ပြောသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တစ်ချိန်တုန်းက သူဟာ ကိုယ်ခန္ဓာ လေ့ကျင့်ခန်းတွေ ပြုလုပ်ရတာကို လက်မလျှော့နိုင်တာကြောင့် လက်ထပ်ဖို့အတွက် စိတ်မဝင်စားဘူးလို့ပြောခဲ့တယ်ဆိုပေမဲ့လည်း လက်ရှိအချိန်မှာတော့ သူ လေ့ကျင့်ခန်းပြုလုပ်တာကို နားလည်ပေးနိုင်မဲ့သူတစ်ယောက်သာ လိုအပ်ကြောင်းနဲ့ ဒီကိစ္စအပေါ်မှာ အချင်းချင်းညှိနှိုင်းသွားကြမှာ ဖြစ်ကြောင်းဆိုကာ ဆက်လက်ပြောခဲ့တာကိုတွေ့ရပါတယ်။
ပရိသတ်တွေကတော့ Kim Jong Kook ရဲ့ စကားအသွားအလာပုံစံတွေက လက်ရှိအချိန်မှာ သူ ရည်ရွယ်ထားတဲ့ မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုတာကို သိရှိစေနိုင်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။
Ref : GStarLive
Nemo