Song Joong Ki နဲ့ ငယ်စဥ်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့ Eunha
Song Joong Ki နဲ့ ငယ်စဥ်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့ Eunha
GFRIEND အဖွဲ့ဝင်ဟောင်းနဲ့ VVIZ အဖွဲ့ဝင် Eunha ဟာ သူမရဲ့ ငယ်ဘဝက နာမည်ကျော်မင်းသား Song Joong Ki နဲ့ ခင်မင်ခဲ့ဖူးတဲ့ ကြည်နူးစရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှဝေလာခဲ့ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ “Knowing Bros” အပိုင်းသစ်မှာ Eunha က “Reborn Rich” မင်းသားနဲ့ သူမရဲ့ အတိတ်ဆက်စပ်မှုကို ထုတ်ဖော်ပြသခဲ့ခြင်းဖြင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
အစီအစဥ်အတွင်း GFRIEND အဖွဲ့ဝင်အဖြစ် ပွဲဦးမထွက်မီအချိန်က Eunha ရဲ့ ကလေးသရုပ်ဆောင်ဘဝအချိန်ကို Super Junior အဖွဲ့ဝင် Shindong ကို ပြောပြလာခဲ့တာပါ။
“ကျွန်မ မူလတန်းကျောင်းတက်တုန်းက သရုပ်ဆောင် အေဂျင်စီတစ်ခုမှာ ထရိန်နင်လုပ်ခဲ့ဖူးတယ်” လို့ Eunha က ဦးစွာပြောပြလာပါတယ်။
“အေဂျင်စီက ကျွန်မနဲ့ Song Joong Ki တို့ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး အတူတူ သရုပ်ဆောင်စေခဲ့တဲ့ အချိန်မျိုးရှိခဲ့ပါတယ်။ ကျွန်မက မူလတန်းအရွယ်ပေါ့။ အဲဒီအချိန်က Song Joong Ki က ကျွန်မကို သရုပ်ဆောင်သင်ပေးခဲ့တာပါ။”
“ပြီးရင် သူက ကျွန်မနဲ့အတူ မြေအောက်ရထားဘူတာရုံကို လမ်းလျှောက်လေ့ရှိပါတယ်” လို့ သူမနဲ့ မင်းသားတို့ကြားက ချစ်စဖွယ် ဆက်ဆံရေးလေးကို ပြောဆိုလာခဲ့ပါတယ်။