V ကို လွတ်မြောက်ခွင့်ပေးကြဖို့ တချို့သောပရိသတ်တွေကို တောင်းဆိုခဲ့ကြတဲ့ ARMY များ

V ကို လွတ်မြောက်ခွင့်ပေးကြဖို့ တချို့သောပရိသတ်တွေကို တောင်းဆိုခဲ့ကြတဲ့ ARMY များ

BTS အဖွဲ့ဝင် V ဟာ BIGBANG အဖွဲ့ဝင် T.O.P ကို Instagram မှာ Follow လုပ်ပြီးနောက် ARMY တွေဆီက မကောင်းတဲ့မှတ်ချက်အချို့ကို ရရှိခဲ့ပါတယ်။

အကြောင်းရင်းကတော့ T.O.P ဟာ V အပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ARMY တွေက ရှုမြင်ခဲ့တာကြောင့် V နဲ့ T.O.P တို့ ဆက်နွယ်မှုအပေါ် စိတ်ပျက်ကြောင်း ပြသခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ARMY အများအပြားက V ကို ခုခံကာကွယ်ပေးခဲ့ကြပြီး သူ့လုပ်ရပ်အပေါ် အပျက်သဘောဆောင်သော မှတ်ချက်များပေးသူများဟာ စစ်မှန်တဲ့ ပရိသတ်များမဟုတ်ကြောင်းနဲ့ ARMY ရဲ့ အစိတ်အပိုင်းဖြစ်ရန် မထိုက်တန်ကြောင်း တုန့်ပြန်ခဲ့ကြပါတယ်။

အဲဒီကနေတစ်ဆင့် “#FreeTaehyung” ဟူသော hashtag ဟာ Twitter ထက်မှာ trending ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ V ဟာ T.O.P ကို Instagram မှာ unfollow ပြန်လုပ်ခဲ့ပါတယ်။

ဒါကြောင့် တချို့ကလည်း V ဟာ ARMY မစစ်သူတို့ရဲ့ ပြောစကားကြောင့် အခုလိုလုပ်တာဖြစ်ကြောင်းနဲ့ မတော်တဆ မှားပြီး follow ထားတာဖြစ်ကြောင်း ထောက်ပြခဲ့ပြပေမဲ့ V ရဲ့ ပရိသတ်အများအပြားကတော့ သူ့ကိုခြွင်းချက်မရှိ ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့ပါတယ်။

K-Pop လောကမှာ ကံမကောင်းစွာနဲ့ K-Pop idol အချင်းချင်းကြား အပြန်အလှန်ဆက်ဆံမှုများဟာ တစ်ခါတစ်ရံမှာ လွန်ကဲတဲ့ပရိသတ်တွေရဲ့ အပျက်သဘောဆောင်သော မှတ်ချက်တွေကို ထွက်ပေါ်စေခဲ့ပါတယ်။

ဒါကြောင့် ဒီဖြစ်စဥ်မှာလည်း အနုပညာရှင်နှစ်ဦးစလုံးဟာ သူတို့အပေါ်ထားရှိတဲ့ အဆိုးမြင်မှတ်ချက်များကြောင့် ထိခိုက်မှုမရှိကြစေဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ပရိသတ်စစ်မှန်ပါက လေးစားလိုက်နာကြရမှာဖြစ်ကြောင်း မျှော်လင့်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x