Dior Beauty ရဲ့ Global Ambassador အသစ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo

ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Dior Beauty ဟာဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ ‘Capture Totale Le Sérum’ ကို လတ်တလောရက်ပိုင်းအတွင်း တစ်ကမ္ဘာလုံးဖြန့်ချီသွားမှာ ဖြစ်ကြောင်းကို အသိပေးကြေညာခဲ့ပြီး ယင်းကြေညာချက်နဲ့အတူ အဆိုပါကုန်ပစ္စည်းအသစ်ရဲ့ Global Ambassador ကိုလည်း တစ်ပါတည်းကြေညာခဲ့တာတွေ့ရပါတယ်။

အဲဒီ Global Ambassador အသစ်ကတော့ လက်ရှိအချိန်မှာ အဆိုတော် Idol အဖြစ်နဲ့သာမက သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ပါ အသိအမှတ်ပြု အောင်မြင်မှုတွေရရှိထားတဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo ပဲဖြစ်ပါတယ်။

Dior Beauty အနေနဲ့ Cha Eunwoo ကို Global Ambassador အဖြစ်ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ Cha Eunwoo ရဲ့ကျန်းမာနုပျိုတဲ့ပုံရိပ်၊ အကောင်းမြင်တတ်တဲ့ပုံစံတို့ဟာ Dior Beauty ဘက်မှ လိုအပ်နေတဲ့ပုံစံ၊ အသွင်အပြင်တို့နဲ့ တစ်ထပ်တည်းကျရောက်နေတဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x