စစ်တပ်ထဲက သူ့ရဲ့အခြေအနေကို ပထမဆုံးအနေနဲ့ ARMY တွေထံ ကိုယ်တိုင်ဝေမျှသွားခဲ့တဲ့ Jin

စစ်တပ်ထဲက သူ့ရဲ့အခြေအနေကို ပထမဆုံးအနေနဲ့ ARMY တွေထံ ကိုယ်တိုင်ဝေမျှသွားခဲ့တဲ့ Jin

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ BTS အဖွဲ့ဝင် Jin ဟာ မဖြစ်မနေ စစ်မှုထမ်းဖို့ စာရင်းသွင်းခဲ့တဲ့ ပထမဆုံးအဖွဲ့ဝင် ဖြစ်လာတဲ့အခါမှာ ARMY တို့ကလည်း သူတို့ရဲ့ခံစားချက်များကို ဖုံးကွယ်မထားနိုင်ခဲ့ကြတော့ပါဘူး။

လက်ရှိမှာတော့ တစ်လအကြာ စစ်ရေးလေ့ကျင့်မှုတွေပြီးနောက် Jin ဟာ Weverse မှာ သူ့ရဲ့အခြေအနေကို update လုပ်သွားခဲ့ပြီး ARMY လေးတွေကို အံ့အားသင့်စေခဲ့ပါတော့တယ်။

Jin ဟာ သူ့ရဲ့ အခြေခံလေ့ကျင့်ရေး ပြီးဆုံးချိန်အထိ ဖုန်းကို အသုံးမပြုနိုင်ခဲ့ပေမဲ့ ဒီကြားထဲမှာ သူ့ရဲ့တပ်ရင်းက စစ်ရေးလေ့ကျင့်နေစဥ်အတွင်း Idol ရဲ့ နောက်ဆုံးရ ဓာတ်ပုံများနဲ့ video file များကို မျှဝေခဲ့ပါသေးတယ်။

မကြာသေးမီက ARMY တွေဟာ Jin ရဲ့ စစ်ရေးလေ့ကျင့်မှု “အောင်မြင်စွာ ပြီးဆုံးခြင်း အခမ်းအနား” ကို မြင်တွေ့ခဲ့ပြီးနောက် Jin ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြသေးတာပါ။

တရားဝင် စစ်တပ်အဖွဲ့များမှ တရားဝင် update တွေ ပြုလုပ်ပြီးနောက် Jin ဟာ သူ့ရဲ့ ကိုယ်ပိုင်ဓာတ်ပုံများနဲ့ update များကို ဇန်နဝါရီ ၁၈ ရက်နေ့က Weverse မှာ ပထမဆုံးအကြိမ် စစ်မှုထမ်းပြီး တစ်လအကြာမှာပဲ ဝေမျှလို့လာခဲ့ပြီး ပရိသတ်တွေကို တုန်လှုပ်စေခဲ့ပါတယ်။

ပို့စ်မှာတော့ Jin ဟာ သူ့ရဲ့ စစ်ဝတ်စုံနဲ့ သူ့ကိုယ်သူ selfie ရိုက်ထားတဲ့ ဓာတ်ပုံတချို့ကို မျှဝေခဲ့ပြီး စစ်ယူနီဖောင်းနဲ့တောင်မှ ကောင်လေးက တကယ်ကို ချောမောနေပါတယ်။

ဒါတွေတင်မကသေးဘဲ Jin က ပရိသတ်တွေကို ကြည်နူးစရာကောင်းတဲ့ မက်ဆေ့ချ်လေးကိုလည်း မျှဝေခဲ့ပြီး ပို့စ်မှာ Jin က သူ့ရဲ့ စစ်မှုထမ်း အတွေ့အကြုံများနဲ့ ပို့စ်မတင်မီတွင် သူခွင့်ပြုချက်ရပုံတို့ကို မျှဝေခဲ့တာပါ။

“ကျွန်တော် ကောင်းကောင်းဖြတ်သမ်းနေပါတယ်။ တပ်မတော်ရဲ့ ခွင့်ပြုချက်ရပြီးမှ ဒီပုံကို တင်လိုက်တာတာပါ။ ARMY များ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။” လို့ ဆုတောင်းပေးခဲ့ပြီး တစ်ကမ္ဘာလုံးက ARMY ထုကြီးကို အပျော်တွေ လွှမ်းခြုံသွားခဲ့စေပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x