ယခင်ကထက် “Island” ဇာတ်ကားထဲမှာ သရုပ်ဆောင်ပိုကောင်းလာတယ်လို့ ချီးကျူးခံနေရတဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo

Idol အဖြစ်နဲ့သာမက သရုပ်ဆောင်အနေနဲ့ပါ အောင်မြင်မှုတွေရရှိနေတဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo ဟာဆိုရင် လက်ရှိအချိန်မှာ “Island” ဇာတ်ကားထဲက သူ့ရဲ့အသွင်အပြင်ပုံစံကြောင့်သာမက သရုပ်ဆောင်မှုပုံစံကြောင့်ပါ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိလို့နေတာ ဖြစ်ပါတယ်။
Cha Eunwoo က အဆိုပါဇာတ်ကားထဲမှာ ကတ်သလစ်ဘာသာဝင် ပရောဂနှိမ်နင်းရေးဆရာ Johan အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ယင်းဇာတ်ကောင်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာလောကကြီးကို ကယ်တင်ဖို့အတွက် မကောင်းဆိုးဝါးတွေ သုတ်သင်ရှင်းလင်းပေးရမှာပါပဲ။
သရုပ်ဆောင်မှုပုံစံနဲ့ပတ်သက်လို့ ယခင်တုန်းက ပရိသတ်တွေရဲ့ ဝေဖန်အပြစ်တင်မှုတွေကိုရရှိခဲ့တဲ့ Cha Eunwoo အနေနဲ့ အခုတစ်ခါမှာတော့ ယခင်တုန်းကနဲ့ကွဲပြားစွာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုရရှိနေတာတွေ့ရပြီး အကူအညီပေးဖို့အတွက် တောင်းဆိုတဲ့အခန်းမှာဆိုရင်လည်း အသက်ဝင်ပီပြင်လွန်းတာကြောင့် ချီးကျူးအားပေးမှုတွေကို တစ်ခဲနက်ရရှိထားတာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo