ဒီတစ်ပတ်အတွက် Music Bank မှာ Wonyoung အစား Special MC အဖြစ်ပါဝင်ဆောင်ရွက်သွားမယ့် NewJeans အဖွဲ့ဝင် Minji

ဇန်နဝါရီလ ၁၈ ရက်နေ့ မနေ့တုန်းကထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ NewJeans ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ MInji ဟာဆိုရင် အခုတစ်ပတ်ထုတ်လွှင့်ပြသမယ့် Music Bank အစီအစဉ်မှာ Special MC အဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာပါပဲ။
ဒီအကြောင်းကိုတော့ NewJeans ရဲ့အေဂျင်စီဖြစ်တဲ့ ADOR ဘက်ကနေ အတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး MInji အနေနဲ့ အခုလိုမျိုး MC အဖြစ်ပါဝင်ဆောင်ရွက်တာဟာဆိုရင် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုရမှာပါ။
ပြီးခဲ့တဲ့အပတ်တုန်းကအထိတော့ IVE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Wonyoung က Music Bank ရဲ့ MC အဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်ဆိုပေမယ့်လည်း အဲဒီနောက်မှာတော့ သူမဟာ MC အဖြစ်ကနေ အနားယူတော့မှာဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။
ဒါကြောင့် MInji က ဒီတစ်ပတ်မှာ Wonyoung ရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး Special MC အဖြစ် ပါဝင်သွားမှာဖြစ်တယ်ဆိုပေမယ့် အခုလိုမျိုးသတင်းတွေထွက်ပေါ်လာချိန်မှာတော့ ပရိသတ်တွေက သူမကို နောင်လာမယ့်အပတ်တွေမှာလည်း MC အဖြစ် ဆက်လက်တာဝန်ယူတင်ဆက်ပေးသွားဖို့ တောင်းဆိုအားပေးလျက်ရှိနေကြပါတယ်။
Ref : GStarLive
Nemo