Dior Beauty ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ 2PM အဖွဲ့ဝင် Junho

အခုရက်သတ္တပတ်ရဲ့ အစောပိုင်းတုန်းက ASTRO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Cha Eunwoo ကို Dior Beauty ရဲ့ Brand Ambassador အဖြစ် ခန့်အပ်လိုက်ပြီးနောက် ဒီနေ့အချိန်မှာတော့ Brand Ambassador ခန့်အပ်ခြင်းနဲ့ပတ်သက်လို့ နောက်ထပ်သတင်းတစ်ခုထွက်ရှိလာခဲ့ပါတယ်။

အဲဒါကတော့ Idol တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ 2PM အဖွဲ့ဝင် Junho ကို Dior Beauty ကနေ Korea Brand Ambassador အဖြစ် ထပ်မံခန့်အပ်လိုက်တယ်ဆိုတာပါပဲ။

Junho အနေနဲ့ ဒီလိုခန့်အပ်ခံရပြီးနောက်မှာတော့ Esquire Korea မဂ္ဂဇင်းရဲ့ ဖေဖော်ဝါရီလထုတ်အတွဲမှာ Dior Beauty အတွက် ကြော်ငြာပုံရိပ်တွေကို လက်ခံရိုက်ကူးပေးထားတာကို တွေ့ရပါတယ်။

Junho ဟာဆိုရင် မကြာခင်အချိန်ကာလအတွင်း ပြသသွားမယ့် “King The Land” ဇာတ်လမ်းတွဲအသစ်မှာ Yoona နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာကြောင့် လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့ အာရုံစိုက်စိတ်ဝင်စားမှုကိုရရှိနေသူဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x