နှစ်ယောက်သားရဲ့ ခင်မင်ရင်းနှီးမှုကို ပရိသတ်တွေထံ ပွင့်ပွင့်လင်းလင်းချပြလာတဲ့ Jessica နဲ့ Jennie

K-pop လောကရဲ့ နာမည်ကြီးအမျိုးသမီး Idol နှစ်ယောက်ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင်ဟောင်း Jessica နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ဟာဆိုရင် ထင်ထားတာထက်ပိုမိုခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိကြတယ်ဆိုတာကို ပရိသတ်တို့အနေနဲ့ နားလည်သိရှိထားကြပြီးဖြစ်မှာပါ။
ဒါပေမယ့်လည်း နှစ်ယောက်လုံးဟာ သူမတို့ခင်မင်ရင်းနှီးမှုကို နှစ်အတော်ကြာတဲ့အထိ ပရိသတ်တွေထံ အတိအလင်းချပြခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေမှာ အားမလိုအားမရတွေဖြစ်ခဲ့ကြရပြီး နှစ်ယောက်အတူတွဲရိုက်ထားတဲ့ပုံလေးတစ်ပုံကို မြင်တွေ့ရဖို့အတွက်ကိုလည်း မျှော်လင့်စောင့်စားခဲ့ကြရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ Jessica ဟာ သူမအနေနဲ့ ညီမလေးတစ်ယောက်လိုခင်မင်တွယ်တာရတဲ့ BLACKPINK အဖွဲ့ဝင် Jennie နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ပုံအချို့တို့ကိုမျှဝေလာခဲ့တာကိုတွေ့ရပြီး အဆိုပါပုံတွေကိုတော့ သူမက Jennie ရဲ့မွေးနေ့အမှတ်တရအနေနဲ့ မျှဝေပေးခဲ့တာဖြစ်ပါတယ်။
Jessica အနေနဲ့ ဒီပုံတွေကို ဟောင်ကောင်မှာပြုလုပ်တဲ့ BLACKPINK ရဲ့ Born Pink Concert ကို သွားရောက်ကြည့်ရှုခဲ့စဉ်အချိန်တုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ထိန်ချန်ထားခြင်းမရှိဘဲ အသိပေးလာတဲ့ သူမတို့နှစ်ယောက်ကို ချီးကျူးစကားပြောထားကြတာကိုတွေ့ရပါတယ်။
Ref : GStarLive
Nemo