BLACKPINK မှ ဂရင်းနစ်စံချိန်အသစ် (၃) ခုကို ထပ်မံရရှိခဲ့ကြောင်း YG Entertainment မှ အတည်ပြု

ကမ္ဘာကျော်အမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ဟာဆိုရင် ဂရင်းနစ်စံချိန်အသစ် (၃) ခုကို ထပ်မံရရှိခဲ့ပြီး ဒီအကြောင်းကိုတော့ YG Entertainment ဘက်ကနေ ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။

အဆိုပါစံချိန်အသစ် (၃) ခုကတော့ ဗြိတိန်တေးဂီတဇယားရဲ့ နံပါတ် ၁ နေရာကို‌ရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးသောအမျိုးသမီး K-pop Idol အဖွဲ့၊ အမေရိကန်တေးဂီတဇယားရဲ့ နံပါတ် ၁ နေရာကိုရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးသောအမျိုးသမီး K-pop Idol အဖွဲ့နဲ့ The MTV Video Music Awards မှာ Best Metaverse Performance ကို ပထမဆုံးအနိုင်ရရှိခဲ့တဲ့အနုပညာရှင်ဆိုတဲ့ စံချိန်တို့ပဲဖြစ်ပါတယ်။

ဒါကြောင့် BLACKPINK အနေနဲ့ လက်ရှိအချိန်ထိရရှိထားတဲ့ ဂရင်းနစ်စံချိန်အရေအတွက်ဟာ စုစုပေါင်း ၁၉ ခုရှိပြီး အဲဒီထဲကမှ အဖွဲ့လိုက်ရရှိထားတဲ့ စံချိန်ကတော့ ၁၂ ခု၊ Lisa ရရှိထားတဲ့ စံချိန်ကတော့ ၅ ခုဖြစ်ကာ Rosé ကတော့ စံချိန် ၂ ခုကို ရရှိထားနိုင်တာဖြစ်ပါတယ်။

ဂရင်းနစ်စံချိန်ဘက်မှ တာဝန်ရှိသူတစ်ယောက်ကတော့ BLACKPINK ဟာ ကမ္ဘာမှာ အအောင်မြင်ဆုံး မိန်းကလေးအဖွဲ့ဖြစ်ပြီး ဂီတလောကမှာလည်း အအောင်မြင်ဆုံးအဖွဲ့အဖြစ် လူအများအသိအမှတ်ပြုခံရတဲ့သူတွေဖြစ်တယ်လို့ မှတ်ချက်ပြုထားတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x