မိမိကိုယ်မိမိ နှိမ့်ချဆက်ဆံတတ်လွန်းတဲ့ IVE အဖွဲ့ဝင် Wonyoung ရဲ့ပုံစံကို ချီးမွမ်းစကားဆိုလာတဲ့ HaHa

Running Man အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ HaHa ဟာဆိုရင် IVE အဖွဲ့ဝင်တွေနဲ့အတူ Running Man အတွက် ရိုက်ကူးရေးလုပ်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။
ပထမဦးစွာ HaHa က “IVE က Running Man ကို ရောက်လာတယ်ဗျ … တကယ်ရူးချင်စရာပဲဗျာ … အဖွဲ့ဝင်တွေ အကုန်လုံးကတော့လှချက်ပဲ … ကျွန်တော့်သမီးလေးလည်း အရွယ်ရောက်လာရင် IVE လိုမျိုး ကြီးပြင်းလာနိုင်လားမသိဘူး”
“အသက်အငယ်ဆုံးအဖွဲ့ဝင် Leeseo ဆိုရင် အသက် ၁၇ နှစ်ပဲရှိသေးတာ … တော်တော်လည်းချစ်ဖို့ကောင်းတယ် … ကျွန်တော်ကြားခဲ့တာတော့ Leeseo အမေက ၁၉၈၀ ခုနှစ်ဖွားတဲ့ .. ကျွန်တော်ကတော့ ၁၉၇၉ ဖွားဗျ” လို့ဆိုကာ ရယ်ရယ်မောမောနဲ့ အားပါးတရပြောသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာ အဖွဲ့ရဲ့ နာမည်ကြီးဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Wonyoung အကြောင်းကို “Wonyoung ဆိုရင်လည်း အထက်တန်းကျောင်းတောင် မပြီးသေးဘူးလို့ကြားတယ် … သူကတော့ လုံးဝကိုအံ့အားသင့်ဖွယ်ပါပဲဗျာ … လှတာကလည်း တော်တော်လှသလို လူမှုဆက်ဆံရေးလည်း အတော်ကောင်းတာ သူ့မှာ လိုအပ်တာဆိုလို့ ဘာမှမရှိဘူး .. ဘယ်လိုများ ဒီလိုမျိုးနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာပါလိမ့် … နောက်ပြီး သူက ပညာသင်တဲ့နေရာမှာလည်း ကောင်းကောင်းသင်ယူတယ်လို့ ပြောကြတယ် … သူ့ကိုယ်သူလည်း အရမ်းနှိမ့်ချပြောတတ်တာ” လို့ဆိုကာ ချီးမွမ်းပြောသွားခဲ့ပြီး နောက်ဆုံးမှာတော့ “သူက ကျွန်တော့်ထက် အရပ်တော့နည်းနည်းပိုမြင့်တယ်ဗျ” လို့ဆိုပြီး အရွှန်းဖောက်ပြောခဲ့တာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo