“The Glory” ထဲမှသရုပ်ဆောင်တွေက အပြင်လက်တွေ့ဘဝမှာ ဇာတ်လမ်းထဲကလိုမျိုး ဗီလိန်တွေမဟုတ်ကြောင်းပြောလာတဲ့ Lim Jiyeon

“The Glory” ထဲမှ ဗီလိန်ဇာတ်ဆောင်တွေက အပြင်လက်တွေ့ဘဝမှာတော့ ဇာတ်လမ်းထဲကလိုမျိုး ဗီလိန်တွေမဟုတ်ကြောင်းဆိုလာတဲ့ Lim Jiyeon

“The Glory” ဇာတ်လမ်းတွဲထဲမှ ဗီလိန်ဇာတ်ကောင်နေရာကနေပါဝင်ထားတဲ့ မင်းသမီး Lim Jiyeon ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါဇာတ်ကားထဲမှာ သူမနဲ့အတူပါဝင်သရုပ်ဆောင်ထားကြတဲ့ Kim Hieora, Cha Joo Young, Kim Gun Woo တို့နဲ့တွေ့ဆုံခဲ့ပြီး ဒီလိုတွေ့ဆုံခဲ့ကြောင်းကိုတော့ သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် မျှဝေပေးခဲ့ပါတယ်။

အဲဒီလိုမျှဝေပေးခဲ့ရာမှာတော့ ပုံတွေနဲ့အတူ “ကျွန်မတို့တွေက လိမ္မာတဲ့ကလေးတွေပါ” ဆိုတဲ့ Caption ကိုလည်း ရေးသားခဲ့ပြီး သူမတို့တွေဟာ အပြင်လက်တွေ့ဘ၀မှာ ဇာတ်ကားထဲကလိုမျိုး ဗီလိန်တွေမဟုတ်ဘဲ လူကောင်းတွေဖြစ်ကြောင်းကို ဆိုခဲ့တာကိုတွေ့ရပါတယ်။

Kim Hieora, Cha Joo Young, Kim Gun Woo နဲ့ Lim Jiyeon တို့ဟာဆိုရင် “The Glory” ဇာတ်ကားထဲမှာ ဗီလိန်ဇာတ်ကောင် သူငယ်ချင်းအဖွဲ့အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ “The Glory” ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ Part 2 ကိုတော့ လာမယ့် မတ်လထဲမှာထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x