ဖန်ပြွန်သန္ဓေအောင်မြင်ပြီး ရင်သွေးဦးလေးပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ Song Jae Hee နဲ့ Ji So Yeon

မင်းသား Song Jae Hee နဲ့ မင်းသမီး Ji So Yeon တို့ ဇနီးမောင်နှံကတော့ သမီးဦးလေးကို ကြိုဆိုခဲ့ကြပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Song Jae Hee ရဲ့ အေဂျင်စီ Hanahreum Company က မွန်းလွဲပိုင်းမှာ Song Jae Hee နဲ့ Ji So Yeon တို့ဟာ သမီးဦးလေးကို အောင်မြင်စွာမီးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းမာကြောင်း အတည်ပြုသွားခဲ့တာပါ။
မင်းသား Song Jae Hee ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မင်းသမီး Ji So Yeon နဲ့ လက်ထပ်တော့မယ့်သတင်းကို ကိုယ်တိုင်ကိုယ်ကျ ကြေညာခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာတော့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံဟာ သန္ဓေသားမအောင်မြင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပြီးနောက် in-vitro fertilization (IVF) ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်လွယ်ဖို့ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်ခွဲအကြာမှာ အောင်မြင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ သူတို့ဇနီးမောင်နှံဟာ ကိုယ်ဝန်သတင်းကို ကြေငြာခဲ့ပြီး ပရိသတ်တွေရဲ့ ထောက်ခံမှုများစွာရရှိခဲ့ရာမှ ယနေ့ချိန်မှာတော့ သမီးဦးလေးကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။