ပရိသတ်တွေကို လွမ်းမောအမှတ်ရစေခဲ့တဲ့ “Reply 1988” အဖွဲ့သားတွေရဲ့ ပြန်လည်ဆုံစည်းမှုလေး

ပရိသတ်တွေကို လွမ်းမောအမှတ်ရစေခဲ့တဲ့ “Reply 1988” အဖွဲ့သားတွေရဲ့ ပြန်လည်ဆုံစည်းမှုလေး

“Reply 1988” က သရုပ်ဆောင်တွေနဲ့ အဖွဲ့သားများဟာ ကြည်နူးဖွယ် ပြန်လည်ဆုံစည်းခဲ့ရင်း ပရိသတ်တွေကို လွမ်းမောအမှတ်ရစေခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က Lee Dong Hwi ဟာ “Reply 1988” အဖွဲ့ကြား ပြန်လည်ဆုံဆည်းမှုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို Instagram မှာ မျှဝေလာခဲ့တာပါ။

“88 ငါမင်းကိုချစ်တယ်၊ ငါဘယ်လိုခံစားရတယ်ဆိုတာမင်းသိတယ်မဟုတ်လား? ဒါပါပဲ” လို့ Lee Dong Hwi က သူ့ရဲ့ပို့စ်မှာ ရေးသားသွားခဲ့ပါတယ်။

Lee Dong Hwi ရဲ့ ဓာတ်ပုံလေးတွေထဲမှာတော့ သူ့အပြင် ဒါရိုက်တာ Shin Won Ho နဲ့ သရုပ်ဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Park Bo Gum, Go Kyung Pyo, Girl’s Day ရဲ့ Hyeri, Ryu Jun Yeol, Lee Min Ji နဲ့ Ryu Hye Young တို့ကလည်း ပါဝင်လာခဲကြပါတယ်။

သွေးကင်ဆာရောဂါ ကုသမှုခံယူပြီးနောက် Choi Seung Won ကလည်း အဆိုပါ ကြည်နူးဖွယ် ပြန်လည်တွေ့ဆုံပွဲလေးကို တက်ရောက်လာခဲ့တာကို ပရိသတ်တွေကလည်း သတိထားမိခဲ့ကြမှာပါ။

88 အဖွဲ့သားတွေကတော့ ပရိသတ်တွေကို လူစုံတက်စုံနဲ့ ဖန်သားပြင်ထက်က တစ်ကြိမ်ခံစားခဲ့ရဖူးတဲ့ နွေးထွေးကြည်နူးဖွယ် အငွေ့အသက်လေးတွေကို ထပ်မံပေးစွမ်းသွားခဲ့တယ်လို့ ဆိုရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x