ကင်ဆာရောဂါကိုကုသဖို့ အနုပညာလောကမှ ကာလအတန်ကြာ အနားယူခဲ့ရတဲ့ Park So Dam
ကင်ဆာရောဂါကိုကုသဖို့ အနုပညာလောကမှ ကာလအတန်ကြာ အနားယူခဲ့ရတဲ့ Park So Dam
လတ်လောမှာပဲ မင်းသမီး Park So Dam ဟာ လည်ချောင်းကင်ဆာကို ဖြတ်ကျော်ခဲ့ပုံကို အင်တာဗျူးတစ်ခုမှာ ဖော်ထုတ်လို့လာခဲ့ပါတယ်။
Park So Dam က သူမဟာ လည်ပင်းရှေ့မှာ လိပ်ပြာကဲ့သို့သော ပုံသဏ္ဍာန်အပြည့်ဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး လနှင့်ချီ၍ ပြန်လည်ကောင်းမွန်လာစေဖို့ ကြိုးစားခဲ့ရကြောင်း အစချီထားခဲ့ပါတယ်။
အသက် (၃၁) နှစ်အရွယ် မင်းသမီးက “Phantom” ဇာတ်ကားရိုက်ကူးစဉ်မှာ ရောဂါကူးစက်ခံရကြောင်း သိခဲ့ရတယ်လို့ဆိုပြီး သူမရဲ့ ခံစားချက်အစစ်အမှန်နဲ့ စိတ်ရှုပ်ထွေးမှုတွေကို အခုလို ဝေမျှလာခဲ့ပါတယ်။
“အဲဒီအချိန်တုန်းက နေမကောင်းမှန်း တကယ်မသိခဲ့ပါဘူး။ ပင်ပန်းနေပြီလို့ပဲ ထင်ခဲ့တာ။ နောက်တော့ အခြေအနေအရမ်းဆိုးလာပြီး ဆေးစစ်ဖို့ သွားခဲ့ပါတယ်” လို့ မင်းသမီးက ပြောရင်း “ရလဒ်ကို စောင့်မျှော်ပြီး မကုသဘဲထားရင် အသံပျောက်သွားမယ်လို့ ဆရာဝန်က ပြောပါတယ်” လို့ သူမဘဝရဲ့ အခက်ခဲခဲ့ရဆုံး နေ့ရက်တွေအကြောင်းကို ရင်ဖွင့်လာခဲ့ပါတော့တယ်။
ဒါ့အပြင် မင်းသမီးက “လွန်ခဲ့တဲ့ နှစ်နှစ်ကို ကြည့်လိုက်တော့ ဖျားတာက အခွင့်အလမ်းတစ်ခုလို့ အကောင်းဘက်က ထင်မိတယ်။ အရင်တုန်းကတော့ အလုပ်များလို့ ကိုယ့်အတွက်ကိုယ် အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ ရောဂါကြောင့် ကိုယ့်အတွက် အနားယူဖို့ အချိန်အများကြီး ပေးဖြစ်သွားပါတယ်” လို့ အကောင်းဘက်ကနေ တွေးခေါ်မိပုံကိုလည်း ဆိုသွားခဲ့ပါတယ်။
Park So Dam ဟာ လတ်တလောမှာတော့ မင်းသား Seo In Guk နဲ့ သဲထိတ်ရင်ဖို ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားဖို့ ဆွေးနွေးနေပါတယ်။