“The Glory” က အထူးဇာတ်ဝင်ခန်းအတွက် အချိန်နှစ်လကျော် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ Song Hye Kyo

“The Glory” က အထူးဇာတ်ဝင်ခန်းအတွက် အချိန်နှစ်လကျော် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ Song Hye Kyo

နာမည်ကျော် မင်းသမီး Song Hye Kyo ကတော့ K-Drama ပရိသတ်တွေကို Moon Dong Eun ဇာတ်ကောင်နဲ့အတူ “The Glory” မှာ ဖမ်းစားထားနိုင်ခဲ့ပါတယ်။

“The Glory” ထဲက Song Hye Kyo ရဲ့ဇာတ်ရုပ်ဟာ အထက်တန်းကျောင်းအတွင်း အနိုင်ကျင့်ခံရမှုတွေကြောင့် လက်စားပြန်ချေသွားလိုတဲ့ ဆရာမတစ်ယောက်ရဲ့ အသွင်အပြင်ပါ။

ဒီ drama အတွက် အရမ်းစိတ်နှစ်ထားခဲ့ပုံပေါ်တဲ့ အသက် (၄၁) နှစ်အရွယ် မင်းသမီးဟာ သူမရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ခန္ဓာကိုယ်ကို ပြသဖို့ အဝတ်အစားတွေကို ချွတ်ပြနေချိန်မှာတော့ ကြည့်ရှုသူတွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

တကယ်တော့ ဒီဇာတ်ဝင်ခန်းကို မင်းသမီး Song Hye Kyo အနေနဲ့ အချိန် နှစ်လကျော်လောက် ကြိုတင်ပြင်ဆင်ထားခဲ့ရတာပါ။ ဇာတ်လမ်းတွဲမရိုက်ကူးခင်မှာ ဒါရိုက်တာနဲ့ စာရေးဆရာတို့က ဒီဇာတ်ဝင်ခန်းကို Song Hye Kyo ကို ရိုက်ကူးဖို့ တောင်းဆိုခဲ့ပြီး မင်းသမီးကလည်း မဆိုင်းမတွ သရုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း သူမဟာ နှစ်လကျော် အစာရှောင်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့အတွက် အချိန်ပေးခဲ့ရပါတယ်။ ဒါမှသာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနေတဲ့ ဇာတ်ရုပ်ကို ပုံဖော်နိုင်မှာပါ။

Song Hye Kyo ဟာ အဆိုပါ နှစ်လကျော်လုံးလုံး အစာစားချင်စိတ်ကို ထိန်းပေးတဲ့ သရေစာ konjac ကိုပဲ စားခဲ့ပြီး အသေးစိတ်ပြင်ဆင်ခဲ့တာကြောင့် ဒီဇာတ်ဝင်ခန်းက သူမရဲ့ ဇာတ်ရုပ်ပုံဖော်နိုင်မှု အရည်အချင်းတွေဟာ နောက်တစ်ဆင့်မှာရှိနေတယ်ဆိုတာ ဖော်ပြနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x