အနုပညာလှုပ်ရှားမှုတွေကို ရက်အကန့်အသတ်မရှိရပ်နားသွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့ Build Jakapan

“KInnPorsche The Series” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ထိုင်း BL မင်းသား Build Jakapan ဟာဆိုရင် လက်ရှိဖြစ်ပေါ်လျက်ရှိနေတဲ့ ပြသနာကိစ္စရပ်တွေကြောင့် သူ့ရဲ့လတ်တလောအနုပညာအလုပ်တွေအကုန်လုံးကို ရက်အကန့်အသတ်မရှိ ရပ်နားသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Build ရဲ့ Entertainment ဖြစ်တဲ့ Be On Cloud ဘက်ကနေ အတည်ပြုထုတ်ပြန်ပေးလာဖြစ်ပြီး Build ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုလည်း သူတို့ကုမ္ပဏီအနေနဲ့ အကောင်းဆုံးနဲ့မျှမျှတတဖြစ်အောင် ဖြေရှင်းပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးကြေညာပေးထားပါတယ်။

ဒီလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ရှိလာပြီးနောက်မှာတော့ Build က Follower အရေအတွက် (၂)သန်းကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်နဲ့ Follower (၈) သိန်းကျော်ရှိတဲ့ တွစ်တာအကောင့်တို့ကို အပြီးတိုင်ဖျက်သိမ်းလိုက်တာတွေ့ရပြီး ပရိသတ်တွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ Build အပေါ်မှာ စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။

Build ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း လူမှုရေးကိစ္စနဲ့ပတ်သက်လို့ ဝေဖန်တိုက်ခိုက်မှုတွေကို ပြင်းပြင်ထန်ထန်ရရှိခဲ့ဖူးသူဖြစ်တာကြောင့် အခုတစ်ခေါက်ကတော့ သူ့အတွက် ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

Source : Be On Cloud’s Instagram
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x