BLACKPINK အဖွဲ့ဝင်တွေကို စာချုပ်သစ်ချုပ်ဆိုဖို့ ငွေကြေးအမြောက်အများ စိုက်ထုတ်သွားရမယ့် YG Entertainment
BLACKPINK အဖွဲ့ဝင်တွေကို စာချုပ်သစ်ချုပ်ဆိုဖို့ ငွေကြေးအမြောက်အများ စိုက်ထုတ်သွားရမယ့် YG Entertainment
BLACKPINK နဲ့ YG Entertainment တို့ရဲ့ သီးသန့်စာချုပ်ဟာ လာမယ့် သြဂုတ်လမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့က သတင်းတွေအရ NH Investment & Securities မှ BLACKPINK အနေနဲ့ YG နဲ့ ဆက်လက်ပြီး သက်တမ်းတိုးနိုင်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၂၃ ရက်နေ့က Munhwa Ilbo ရဲ့ ဖော်ပြချက်တွေအရ BLACKPINK ရဲ့ အဖွဲ့ဝင်များကို အခြားနေရာများမှာ ပိုမိုမြင့်မားတဲ့ အာမခံချက်များနဲ့ တန်ကြေးများကို ပေးဆောင်ထားတာကြောင့် YG Entertainment အတွက်တော့ လွယ်ကူမှာမဟုတ်ကြောင်း သိရပါတယ်။
အတွင်းလူတစ်ဦးရဲ့ ပြောကြားချက်အရဆိုရင် Lisa ဟာ YG Entertainment ကနေ ထွက်ခွာပြီး အခြား label ကို ပြောင်းလာပေးဖို့ ဝမ် ၁၀၀ ဘီလီယံနဲ့ ကမ်းလှမ်းခံထားရကြောင်း သိရပါတယ်။
အမှန်တော့ BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့အမည် ‘BLACKPINK’ ကို ဆက်လက်အသုံးပြုလိုပါက ငွေကြေးအတွက်နဲ့တော့ YG ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အတွင်းလူတွေကတော့ YG Entertainment က အဖွဲ့ဝင်တစ်ဦးကို အနည်းဆုံး ဝမ် ၂၀ ဘီလီယံလောက်တော့ ပေးချေရမယ်လို့ ယုံကြည်နေတုန်းပါပဲ။
YG Entertainment က Baby Monster ကို ပွဲဦးထုတ်ပေးဖို့ရှိနေတာတွေကလည်း BLACKPINK ရဲ့ သက်တမ်းတိုးစာချုပ်နဲ့ အခြားသော အခွင့်အလမ်းတွေကို လျော့ပါသွားစေမယ်လို့ အချို့ကလည်း ယုံကြည်နေကြပါတယ်။
တစ်ချိန်တည်းမှာပဲ BLACKPINK ဟာ သူတို့ရဲ့ လက်ရှိကမ္ဘာ့ဖျော်ဖြေပွဲတွေကို ဇွန်လထဲမှာ အပြီးသတ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နှစ်လပဲ ကျန်တော့မှာဖြစ်တာကြောင့် YG Entertainment အနေနဲ့ စိုးရိမ်ဖွယ်ရာတွေတော့ ရှိနေခဲ့ပါပြီ။