တခြားအေဂျင်စီတစ်ခုဆီကနေ ဝမ် ၁၀၀ ဘီလီယံနဲ့ စာချုပ်ချုပ်ဖို့ကမ်းလှမ်းခံထားရတယ်လို့ သတင်းထွက်နေတဲ့ BLACKPINK အဖွဲ့ဝင် Lisa

ကမ္ဘာကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ဟာဆိုရင် သူတို့ကိုစင်တင်မွေးထုတ်ပေးခဲ့တဲ့ YG Entertainment နဲ့ အခု ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒီအကြောင်းကိုတော့ တချို့ပရိသတ်တွေအနေနဲ့သိရှိထားကြပြီးဖြစ်မှာပါ။ ဒါကြောင့်လည်း BLACKPINK အနေနဲ့ YG နဲ့ ရှေ့ဆက်လက်တွဲပြီး စာချုပ်အသစ်ချုပ်ဆိုမလားဆိုတဲ့ မေးခွန်းက ပရိသတ်တွေအကြားမှာထွက်ပေါ်လျက်ရှိနေပြီး ရလဒ်ကဘယ်လိုဖြစ်မလဲဆိုတာကိုလည်း စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကိုရီးယားသတင်းမီဒီယာတွေအကြားမှာ YG နဲ့ BLACKPINK တို့ ရှေ့ဆက်လက်တွဲဖို့ဆိုတာက ဖြစ်လာနိုင်တဲ့အခြေအနေတွေရှိကြောင်းကို ခန့်မှန်းကောက်ချက်ချခဲ့ကြပေမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းတွေအရတော့ အဆိုပါခန့်မှန်းချက်တွေအတိုင်းဖြစ်လာဖို့ဆိုတာ YG Entertainment အတွက် မလွယ်ကူတဲ့အရာဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။

ယင်းထွက်ရှိလာတဲ့သတင်းတွေမှာတော့ BLACKPINK အဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာကတည်းက တခြားသောအေဂျင်စီတွေဆီကနေ များစွာသောငွေပမာဏတွေနဲ့ ကမ်းလှမ်းမှုတွေကိုရရှိထားတယ်လို့ဖော်ပြရေးသားထားကြပြီး အတွင်းသိတစ်ယောက်ရဲ့ထုတ်ဖော်ချက်အရဆိုရင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lisa ဟာ စာချုပ်ချုပ်ဆိုလက်တွဲဖို့အတွက် တခြားအေဂျင်စီတစ်ခုထံကနေ ဝမ် ၁၀၀ ဘီလီယံနဲ့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

အဆိုပါကမ်းလှမ်းမှုပမာဏဟာ YG အတွက် ယှဉ်ပြိုင်ဖို့ခက်ခဲတယ်လို့ဆိုနိုင်ပေမယ့် အဖွဲ့ဝင်တွေကတော့ “BLACKPINK” နာမည်ကိုဆက်လက်အသုံးပြုချင်တယ်ဆိုရင် ငွေပမာဏတစ်ခုတည်းအပေါ်မူတည်ပြီး ရွှေ့ပြောင်းကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အတွင်းသိတချို့ကတော့ YG Entertainment ဟာ BLACKPINK အဖွဲ့ဝင်တွေကို ဆက်လက်စာချုပ်ချုပ်ဖို့အတွက် တစ်ဦးချင်းဆီကို ဝမ် ၂၀ ဘီလီယံပေးကာ ကမ်းလှမ်းထားတယ်လို့ဆိုထားကြပါတယ်။

တချို့တွေကတော့ YG Entertainment အနေနဲ့ လက်ရှိအချိန်မှာ “Baby Monster” ကို ပွဲထုတ်ဖို့စိုင်းပြင်းနေရတဲ့အကြောင်းအရင်းက BLACKPINK နဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့မဖြစ်လာနိုင်တဲ့ အခြေအနေကိုထည့်သွင်းစဉ်းစားထားတာကြောင့်ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

လက်ရှိအချိန်မှာတော့ BLACKPINK ဟာ သူမတို့ရဲ့ “BORN PINK World Tour” ကိုဖျော်ဖြေလျက်ရှိနေပြီး အဆိုပါ Tour ကတော့ လာမယ့်ဇွန်လထဲမှာ အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x