၂၀၂၂ အတွက် SoundCloud ရဲ့ တစ်နှစ်တာနားဆင်မှုအများဆုံး Pop သီချင်းဖြစ်ခဲ့တဲ့ Jungkook ရဲ့ “Still With You”
၂၀၂၂ အတွက် SoundCloud ရဲ့ တစ်နှစ်တာနားဆင်မှုအများဆုံး Pop သီချင်းဖြစ်ခဲ့တဲ့ Jungkook ရဲ့ “Still With You”
Jungkook ရဲ့ ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ သီချင်းလေးတွေဟာ ပရိတ်သတ်တွေသာမက ပရိသတ်မဟုတ်သော အနုပညာရှင်များကပါ ချစ်ခင်နှစ်သက်ခြင်းကို ခံထားရပါတယ်။
အဲဒီသီချင်းလေးတွေထဲကမှ ‘Still With You’ ဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ထွက်ရှိထားခဲ့ပေမဲ့ လူကြိုက်များပြီး အောင်မြင်နေဆဲပါ။
Jungkook ရဲ့ ‘Still With You’ ဟာ ၂၀၂၂ ခုနှစ်အတွင SoundCloud မှာ လူကြိုက်အများဆုံး Pop သီချင်းဖြစ်ခဲ့ပြီး streams ပေါင်း သန်း ၂၀ နီးပါး ရရှိခဲ့ပါတယ်။
Jungkook ရဲ့ ‘Still With You’ ဟာ ၂၀၂၀ ရဲ့ ‘Buzziest Drop’ နဲ့ ‘Longest Reign’ တွေအဖြစ်လည်း သတ်မှတ်ခံထားခဲ့ရတာပါ။ ဒါ့အပြင် သီချင်းဟာ SoundCloud ရဲ့ New & Hot Chart မှာ No. 1 နေရာ၌ နှစ်ပတ်ဆက်တိုက် ရပ်တည်ခဲ့သလို engagement လည်း အများဆုံးရရှိခဲ့ပါသေးတယ်။
တစ်ရက်တည်း နားထောင်သူအများဆုံး သီချင်းလည်းဖြစ်ခဲ့တဲ့ “Still With You” ဟာ ၂၈ နာရီအတွင်း comment အများဆုံးနဲ့ like အများဆုံးတို့အတွက်လည်း စံချိန်ချိုးခဲ့ပြီး ၂၈ မိနစ်အတွင်းမှာပဲ streams ကြိမ်ရေ တစ်သန်းကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ သီချင်းနဲ့ likes အရေအတွက် တစ်သန်းရောက်ရှိခဲ့တဲ့ အမြန်ဆုံး ကိုရီးယားသီချင်းလည်း ဖြစ်ခဲ့ပါတယ်။
‘Still With You’ ဟာ 100 Global SoundCloud chart မှာဘအရှည်ကြာဆုံး Charting ဝင်နေခဲ့တဲ့ K-Pop သီချင်းလည်းဖြစ်ခဲ့သလို BTS မဟုတ်တဲ့ ပရိသတ်များကြားမှာပါ အကြီးအကျယ် ရေပန်းစားခဲ့တာပါ။
မရေမတွက်နိုင်သော K-Pop Idol များနဲ့ အဆိုတော်များကလည်း သီချင်းကို cover ပြန်လည်သီဆိုမှုများ ပြုလုပ်ခဲ့ကြပြီး Tiktok မှာလည်း အကြိမ်ပေါင်းများစွာ viral ဖြစ်လို့နေခဲ့ပါတယ်။ Congratulations ပါ ကုလေးရေ။