မကြာခင်မှာကြည့်ရှုသွားရတော့မယ့် Kim Young Kwang နဲ့ Lee Sung Kyung တို့ရဲ့ အချစ်ဇာတ်လမ်းတွဲသစ်
မကြာခင်မှာကြည့်ရှုသွားရတော့မယ့် Kim Young Kwang နဲ့ Lee Sung Kyung တို့ရဲ့ အချစ်ဇာတ်လမ်းတွဲသစ်
Lee Sung Kyung နဲ့ Kim Young Kwang တို့ရဲ့ မကြာမီမှာ ပြသသွားမယ့် romance drama သစ်လေးဟာ စောင့်မျှောင်သူနေကြသူတွေအတွက် ပိုစတာအသစ်နှင့် teaser အသစ်တို့ကို ထုတ်ပြန်ထားခဲ့ပါပြီ။
“Call It Love” ဟာ တစ်ခါမှ မတွေ့ဆုံသင့်တဲ့ လူနှစ်ဦးကြားက စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ Lee Sung Kyung က သူမရဲ့ ပင်ကိုယ်စရိုက်နဲ့ တကယ်မလိုက်ဖက်တဲ့ လက်စားချေတတ်တဲ့ Shim Woo Joo အဖြစ် ရဲရင့်စွာ သရုပ်ဆောင်ထားတာကိုလည်း မြင်တွေ့သွားရပါမယ်။
Kim Young Kwang ကတော့ သူမရဲ့ ဒဏ်ပေးခံရဖို့ ပစ်မှတ်ထားခံခဲ့ရတဲ့ သနားစရာကောင်းလွန်းတဲ့ Han Dong Jin ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းမှာ Sung Joon, Hani နဲ့ Kim Ye Won တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
Drama ရဲ့ ပထမဆုံး teaser ကို ဖြန့်ချိပြီးနောက်မှာတော့ အဓိကဇာတ်ကောင်ငါးဦးရဲ့ ပုံရိပ်တွေကိုကို ပြသထားပြီး သူတို့ အမိုက်စား အသွင်အပြင်နဲ့ လိုက်ဖက်ညီတဲ့ ကြီးမားပြီးတောက်ပတဲ့ အပြုံးတွေကိုလည်း ဆင်မြန်းထားခဲ့ကြပါတယ်။
“အချစ်နဲ့ဘဝက ငါတို့သွားရာလမ်းမရှိတဲ့အခါ” ဆိုတဲ့ စကားလုံးတွေဟာ သူတို့ရဲ့ဦးခေါင်းထက်မှာ ပြန့်ကျဲနေပြီး ဒီလူငါးယောက်က ဘယ်လိုဇာတ်လမ်းမျိုးကို ပုံဖော်သွားကြမလဲဆိုတာကလည်း ကြည့်ရှုသူတွေကို အံ့သြစရာကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
အောက်မှာတော့ teaser လေးကို ကြည့်ရှုနိုင်ပါတယ်။