ဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ Sooyoung ကို လှမ်းရိုခဲ့တဲ့ Jung Kyung Ho
ဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ Sooyoung ကို လှမ်းရိုခဲ့တဲ့ Jung Kyung Ho
ပရိသတ်တွေ သိထားကြတဲ့အတိုင်း Kbiz စုံတွဲတစ်တွဲဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ မင်းသား Jung Kyung Ho တို့ရဲ့ အချစ်ရေးဟာ ပရိသတ်တွေအတွက်တော့ အမြဲတမ်း စိတ်ချမ်းမြေ့စေခဲ့ပါတယ်။
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်းပြသနေတဲ့ လှုပ်ရှားမှုတွေကိုလည်း သူတို့ရဲ့ social media တွေမှာ အမြဲလိုလို တင်လေ့ရှိကြပြီး ပရိသတ်တွေကို အားကျမှုပေါင်း သရဖူဆောင်းထားစေခဲ့ကြသူတွေပါ။
မကြာသေးမီကလည်း မင်းသား Jung Kyung Ho က သူ့ရဲ့ ဒရာမာအသစ် “Crash Course in Romance” ရိုက်ကွင်းမှတစ်ဆင့် သူ့ချစ်သူ Sooyoung ကို ချစ်ခင်မြတ်နိုးကြောင်း ပြသခဲ့ပါသေးတယ်။
အဲဒီအရာကတော့ သူတို့ချစ်သူနှစ်ယောက် အတူတူမွေးထားခဲ့တဲ့ ခွေးလေးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံဖြစ်ပြီး နှစ်ယောက်သားအကြောင်းကို အရေထူနေပြီဖြစ်တဲ့ ပရိတ်သတ်တွေကတော့ မင်းသားရဲ့ အပြုအမူတွေကို သတိထားမိခဲ့ပြီး ချီးကျူးပြောဆိုနေခဲ့ကြပါတော့တယ်။
Sooyoung ကလည်း သူတို့ရဲ့ ခွေးလေးကို Jung Kyung Ho ရဲ့ drama မှာ ရိုက်ကူးဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ Sooyoung နဲ့ Jung Kyung Ho တို့ဟာ သူတို့ရဲ့ အချစ်ရေးကို ၂၀၁၄ အစောပိုင်းမှာ လူသိရှင်ကြားကြေငြာခဲ့ပေမယ့် ၂၀၁၂ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်နေခဲ့ကြတာပါ။
လတ်တလောမှာတော့ သူတို့နှစ်ဦးရဲ့ ချစ်စဖွယ် အချစ်ဇာတ်လမ်းလေးက ၁၁ နှစ် ပြည့်မြောက်လာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကတော့ နှစ်ယောက်သားရဲ့ မင်္ဂလာသတင်းကိုလည်း မကြာခင်မှာ ကြားရတော့မှာလားဆိုပြီး မျှော်လင့်လို့နေကြပါတယ်။