HyunA နဲ့ Dawn တို့ ပြန်အဆင်ပြေနေကြပြီလို့ အတွင်းသိတစ်ဦးမှ အသိပေးထုတ်ဖော်

အချစ်ရေးသတင်းကို ပေါ်ပေါ်ထင်ထင်ချပြခဲ့ပြီးနောက် K-pop လောကရဲ့ နာမည်ကျော်စုံတွဲတစ်တွဲအဖြစ်ရှိလာခဲ့တဲ့ HyunA နဲ့ Dawn တို့နှစ်ယောက်ဟာဆိုရင် လမ်းခွဲကြောင်းကြေညာပြီး နှစ်လအကြာမှာတော့ ပြန်အဆင်ပြေနေကြပြီဖြစ်တယ်လို့ အတွင်းသိတစ်ဦးမှ ဇန်န်ဝါရီ ၂၇ ရက်နေ့ ဒီနေ့မှာ ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။
အဆိုပါအတွင်းသိရဲ့စကားအရဆိုရင် HyunA နဲ့ Dawn တို့ဟာ လက်ရှိအချိန်မှာ ရိုက်ကူးရေးတွေကိုလည်း အတူပြုလုပ်နေလျက်ရှိနေသလို နိုင်ငံခြားခရီးစဉ်တွေကိုလည်း နှစ်ယောက်အတူသွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးဟာ ယခင်ကအတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်လျက်ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။
HyunA နဲ့ Dawn တို့ဟာဆိုရင် ချစ်သူတွေဖြစ်ပြီးနောက် ၆ နှစ်အကြာမှာ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက တရားဝင်အသိပေးကြေညာခဲ့ကြတာ ဖြစ်ပါတယ်။
Ref : GStarLive
Nemo