လွန်ခဲ့တဲ့ ၁၂ နှစ်က ပရိသတ်တွေလက်ဆောင်ပေးခဲ့တဲ့ ရိုးရာဝတ်စုံကို ဒီနေ့အထိ တန်ဖိုးထားသိမ်းဆည်းထားဆဲဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Seohyun

နာမည်ကြီးအမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Seohyun ဟာဆိုရင် အခု ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အထိမ်းအမှတ်အနေနဲ့ သူမရဲ့ပုံရိပ်အချို့တို့ကို အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် မျှဝေပေးလာခဲ့ပါတယ်။

ဒီလိုမျှဝေပေးလာတဲ့ပုံတွေထဲမှာတော့ ကိုရီးယားရိုးရာဝတ်စုံကို သေသေချာချာဝတ်ဆင်ထားတာတွေ့ရပြီး ပရိသတ်တစ်ဦးရဲ့ ထုတ်ဖော်မှုအရဆိုရင် ယင်းဝတ်စုံဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ပရိသတ်တွေမှ မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ဝတ်စုံဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အဆိုပါပရိသတ်ကိုယ်တိုင်ကပဲ တွစ်တာစာမျက်နှာအထက်ကနေ ထုတ်ဖော်လာခဲ့တာဖြစ်ပြီး Seohyun အနေနဲ့ သူ ပေးထားတဲ့လက်ဆောင်ကို ဒီနေ့အချိန်ထိ တန်ဖိုးထားသိမ်းဆည်းထားလိမ့်မယ်လို့ မထင်ခဲ့ကြောင်းကိုလည်း ဖွင့်ဟပြောသွားခဲ့ပါတယ်။

အွန်လိုင်းအသုံးပြုသူ တခြားပရိသတ်တွေကတော့ ပရိသတ်တွေပေးလာတဲ့ လက်ဆောင်ပစ္စည်းတွေကို အမြတ်တနိုးနဲ့ သိမ်းဆည်းထားတတ်တဲ့ Seohyun ရဲ့အမူအကျင့်လေးကို ချီးကျူးစကားပြောထားကြပြီး လက်ဆောက်ပေးထားတဲ့ ပရိသတ်ကိုယ်စားလည်း ဝမ်းသာမိကြောင်းဆိုကာ မှတ်ချက်တွေအသီးသီးပေးထားကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x