အပြင်လက်တွေ့ဘ၀က ကျောင်းတွင်းဖြစ်ရပ်တွေအကြောင်းကို ထည့်သွင်းရိုက်ကူးထားတဲ့ “The Glory”

လတ်တလောကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ “The Glory” ဇာတ်လမ်းတွဲဟာဆိုရင် သူမကို အထက်တန်းကျောင်းမှာတုန်းက အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့ အတန်းဖော်တစ်စုကို ပြန်လည်လက်စားချေဖို့ကြိုးစားတဲ့ Moon Dong Eun အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အဆိုပါဇာတ်ကားထဲမှ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းပုံစံကိုတော့ ပရိသတ်တွေအနေနဲ့ သိရှိကြပြီးဖြစ်မှာပါ။
ဒီလိုဇာတ်ဝင်ခန်းတွေထဲကတစ်ခန်းဟာဆိုရင်တော့ ပရိသတ်တွေအကြားမှာ မေးခွန်းတွေထွက်ပေါ်လာစေခဲ့တာကိုတွေ့ရပြီး အဲဒီဇာတ်ဝင်ခန်းကတော့ ကျောင်းတွင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေအကြောင်းကို ရိုက်ကူးပြရာမှာပါဝင်တဲ့ ဆံပင်ကောက်စက်ကို အပူပေးပြီး အရေပြားပေါ်မှာကပ်တဲ့အခန်းတွေပဲဖြစ်ပါတယ်။ ယင်းအနိုင်ကျင့်မှုပုံစံဟာ ထင်ထားတာထက်ပိုမိုနာကျင်ရက်စက်စေတာကြောင့် ပရိသတ်တွေက ဒီလိုအနိုင်ကျင့်မှုတွေဟာ လက်တွေ့ဘ၀မှာဖြစ်နိုင်ပါ့မလားလို့ဆိုကာ မေးခွန်းထုတ်ဝေဖန်ခဲ့ကြတာကိုတွေ့ရပါတယ်။
ဒါပေမယ့်လည်း အဆိုပါဆံပင်ကောက်စက်ကို အပူပေးပြီး နိုင်ထက်စီးနင်းပြုတဲ့ပုံစံဟာဆိုရင် ၂၀၀၆ ခုနှစ်တုန်းက Cheongju အလယ်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ ကျောင်းသူမိန်းကလေးတစ်ယောက်ရဲ့ အနိုင်ကျင့်ခံရမှုပုံစံဖြစ်ပြီး သူမဟာလည်းပဲ ဇာတ်ကားထဲက Moon Dong Eun ရဲ့ပုံစံအတိုင်း တစ်ထပ်တည်း ရွယ်တူအတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
လက်တွေ့ဘ၀မှာတော့ ယင်းအလယ်တန်းကျောင်းသူမိန်းကလေးအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ဆက်လက်လျှောက်လှမ်းခဲ့တယ်ဆိုတာကို မသိရပေမယ့် အနိုင်ကျင့်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူကတော့ နောက်ပိုင်းမှာဖမ်း၀ရမ်းထုတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
Ref : GStarLive
Nemo