ဇန်နဝါရီလကို အလွှမ်းမိုးထားနိုင်ခဲ့ဆုံး ကိုရီးယားအနုပညာရှင်များ

ဇန်နဝါရီလကို အလွှမ်းမိုးထားနိုင်ခဲ့ဆုံး ကိုရီးယားအနုပညာရှင်များ

Korean Business Research Institute ကတော့ ကိုရီးယားဖျော်ဖြေရေးလာကရဲ့ အနုပညာရှင်အားလုံးအတွက် ယခုလရဲ့ ရေပန်းစားကျော်ကြားမှု အဆင့်သတ်မှတ်ချက်များကို ထုတ်ဖော်ခဲ့သည်။

အနုပညာရှင်များရဲ့ မီဒီယာလွှမ်းခြုံမှု၊ ပရိသတ်တွေပါဝင်မှု၊ အပြန်အလှန်တုံ့ပြန်မှုနဲ့ လူထုအသိအမြင်ဆိုင်ရာ အညွှန်းကိန်းများကို ခွဲခြမ်းစိတ်ဖြာကာ အဆင့်သတ်မှတ်ချက်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ စုစည်းထားတဲ့ ဒေတာကြီးများဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

NewJeans တို့ကတော့ ရေပန်းစားမှု အညွှန်းကိန်း 8,917,773 ဖြင့် ယခုလစာရင်းရဲ့ ပထမနေရာထိတိုင် တက်ရောက်လာခဲ့ကြပြီး ဒီဇင်ဘာလက သူတို့ရဲ့ ရမှတ်ထက် 32.59% တိုးလာခဲ့ပါတယ်။

BTS ကတော့ ရေပန်းစားမှု အညွှန်းကိန်း 7,527,175 ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး Lim Young Woong ကတော့ အညွှန်းကိန်း 7,187,117 ဖြင့် တတိယနေရာမှာ ရှိနေခဲ့ပါတယ်။

စတုတ္ထနေရာမှာတော့ BLACKPINK က ရေပန်းစားမှု အညွှန်းကိန်း 6,657,078 ဖြင့် ရပ်တည်နေခဲ့ပြီး IU ကတော့ အညွှန်းကိန်း 5,913,166 ဖြင့် Top 5 နေရာကို သိမ်းပိုက်ခဲ့ပါတယ်။

ဒီလအတွက် အလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့ကြတဲ့ ထိပ်တန်း အနုပညာရှင် အယောက် ၃၀ စာရင်းကိုလည်း အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

  1. NewJeans
  2. BTS
  3. Lim Young Woong
  4. BLACKPINK
  5. IU
  6. Song Hye Kyo
  7. Yoo Jae Suk
  8. Song Joong Ki
  9. Younha
  10. ASTRO’s Cha Eun Woo
  11. Son Suk Ku
  12. Lee Jong Suk
  13. Son Heung Min
  14. NCT
  15. Lim Ji Yeon
  16. Lee Chan Won
  17. IVE
  18. SEVENTEEN
  19. (G)I-DLE
  20. Baek Jong Won
  21. TWICE
  22. Kim Yuna
  23. EXO
  24. Lee Do Hyun
  25. Super Junior
  26. BIGBANG
  27. Lee Young Ji
  28. Kim Min Jae
  29. Kang Daniel
  30. Park Sung Hoon

Leave a Reply

Your email address will not be published. Required fields are marked *

x