The BLACK LABEL နဲ့ လက်တွဲလိုက်ပြီဖြစ်တဲ့ Park Bo Gum

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတွေထဲက တစ်လက်ဖြစ်တဲ့ Park Bo Gum ဟာဆိုရင် သူ့ရဲ့အေဂျင်စီဟောင်းနဲ့ စာချုက်သက်တမ်းကုန်ဆုံးပြီးနောက် လက်ရှိအချိန်မှာတော့ THE BLACK LABEL နဲ့ စာချုပ်ချုပ်ဆိုလက်တွဲလိုက်ပြီ ဖြစ်ပါတယ်။
ဒီအကြောင်းကို THE BLACK LABEL မှ တာဝန်ရှိသူတစ်ဦးကနေ ဇန်နဝါရီလ ၃၀ ရက်နေ့ ဒီနေ့မှာ အတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ ပရိသတ်တွေအနေနဲ့ Park Bo Gum ကို တီဗွီဖန်သားပြင်မှာရော၊ ရုပ်ရှင်ပိတ်ကားအထက်မှာပါ တွေ့မြင်ရနိုင်ဖို့အတွက် သူတို့အေဂျင်စီဘက်မှ အစွမ်းကုန်ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်းဆိုကာ ကတိပြုထားတာကိုတွေ့ရပါတယ်။
လက်ရှိမှာတော့ Park Bo Gum ဟာ IU နဲ့အတူ ‘You’ve Worked Hard’ လို့အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အတည်ပြုလက်ခံထားပြီး ယင်းဇာတ်ကားကိုတော့ ‘Fight for My Way’ နဲ့ ‘When the Camellia Blooms’ တို့ကိုဖန်တီးခဲ့တဲ့ Im Sang Chun က ရေးသားသွားမှာဖြစ်ကာ ‘Misaeng’, ‘Signal’ နဲ့ ‘My Mister’ တို့ရဲ့ ဒါရိုက်တာ Kim Won Seok က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။
Ref : GStarLive
Nemo