ပေါင် ၂၀၀ ကျော်ရှိတဲ့ ဇာတ်ရုပ်မျိုးရရှိဖို့အတွက် ၁ လမျှ အချိန်ယူပြင်ဆင်ခဲ့ရတဲ့ Super Junior အဖွဲ့ဝင် Choi Siwon

ဝါရင့်အဆိုတော် Idol တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်မင်းသားတစ်လက်လည်းဖြစ်တဲ့ Super Junior အဖွဲ့ဝင် Choi Siwon ဟာဆိုရင် Work Later Drink Now 2 ထဲမှ သူ့ရဲ့ဇာတ်ကောင်အတွက် ပြင်ဆင်မှုကို အချိန်တစ်လမျှယူခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါဇာတ်ကားထဲမှာ Choi Siwon က ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်ရှိတဲ့ Kang Bukgu ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး မေးနှစ်ထပ်နဲ့ ခပ်ထွားထွားခန္ဓာကိုယ်မျိုးရရှိဖို့အတွက် အထူးမိတ်ကပ်ကိုတော့ အချိန်တစ်လမျှယူကာ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရိုက်ကူးရေးပြုလုပ်တဲ့နေ့မှာလည်း ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့အဝတ်အစားကို သေချာပြည့်ပြည့်စုံစုံဝတ်ဆင်နိုင်ဖို့ ရိုက်ကူးရေးမစတင်ခင်အချိန်သုံးနာရီလောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကာ Choi Siwon ရဲ့ဒီလိုပြင်ဆင်မှုပုံစံကို ကြည့်ခြင်းအားဖြင့် အလုပ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့လေးနက်မှုကို အထင်အရှားတွေ့မြင်ရနိုင်တယ်လို့ ပရိသတ်တွေဘက်က မှတ်ချက်ပြုထားတာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo