“The Glory” ဇာတ်ရုပ်အတွက် ဆေးလိပ်သောက်တတ်အောင် လေ့ကျင့်ခဲ့ရတယ်လို့ဆိုတဲ့ Lim Ji Yeon

“The Glory” ဇာတ်ရုပ်အတွက် ဆေးလိပ်သောက်တတ်အောင် လေ့ကျင့်ခဲ့ရတယ်လို့ဆိုတဲ့ Lim Ji Yeon

Netflix K-Drama “The Glory” ထဲက မင်းသမီး Lim Ji Yeon ရဲ့ ဆေးလိပ်သောက်တဲ့ မြင်ကွင်းနောက်ကွယ်မှ ဇာတ်လမ်းဟာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။

မကြာသေးမီက “Lim Ji Yeon ရဲ့ ဆေးလိပ်သောက်တဲ့ မြင်ကွင်းက တကယ်လား” လို့ ခေါင်းစဉ်တပ်ထားတဲ့ video အတိုလေးကို YouTube ချန်နယ် “연예뒤통령이진호” မှာ တင်ထားခဲ့တာပါ။

YouTuber Lee Jin Ho ရဲ့ အဆိုအရ Lim Ji Yeon ဟာ မူလက ဆေးလိပ်မသောက်သော်လည်း “The Glory” က ဇာတ်ရုပ်အတွက် သူမဟာ ဆေးလိပ်သောက်တတ်ဖို့ သင်ယူခဲ့ကြောင်း သိရပါတယ်။

Lim Ji Yeon ဟာ တတ်နိုင်သမျှ လက်တွေ့ဆန်တဲ့ ရုပ်သွင်ကို ပြသဖို့အတွက် ဆေးလိပ်အစစ်ကိုပဲ အသုံးပြုခဲ့ပြီး ဆေးလိပ်အစစ်ကို ဆေးလိပ်သောက်တတ်အောင် သင်ယူခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“The Glory” ထဲမှာ Lim Ji Yeon က ကျောင်းတွက်း အနိုင်ကျင့်ခံရမှုနဲ့ ပတ်သက်ပြီး သူမရဲ့ အတန်းဖော် Moon Dong Eun (Song Hye Kyo) အား အနိုင်ကျင့်ခဲ့သူ Park Yeon Jin ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး ဗီလိန်ဇာတ်ရုပ်ဖြစ်ခဲ့ပေမယ့် မင်းသမီးက လူယုတ်မာ Park Yeon Jin ဇာတ်ရုပ်ကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့အတွက် နှစ်သက်ဖွယ်ကောင်းတဲ့ သုံးသပ်ချက်တွေကိုလည်း လက်ခံရရှိခဲ့သလို သူမရဲ့ “The Glory” ထဲက ဆေးလိပ်သောက်နေတဲ့ ဇာတ်ဝင်ခန်းကလည်း YouTubers အများအပြားကို အာရုံစိုက်လာစေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x