အနုပညာလှုပ်ရှားမှုတွေကို ငါးနှစ်မျှရပ်နားထားခဲ့ပြီးနောက် တစ်မူကွဲပြားတဲ့ ဇာတ်ကောင်အသစ်နဲ့ ပရိသတ်အရှေ့ထံ ပြန်လည်ရောက်ရှိလာတဲ့ Jang Geun Suk

တစ်ချိန်တုန်းက ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ နှလုံးသားကို အပြုံးချိုချိုလေးနဲ့ သိမ်းပိုက်နိုင်ခဲ့သူ မင်းသား Jang Geun Suk ဟာဆိုရင် လတ်တလောထုတ်လွှင့်ပြသလျက်ရှိတဲ့ Bait အက်ရှင်ဒရမ်မာဇာတ်လမ်းတွဲထဲမှာ အဓိကမင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါဇာတ်ကားထဲမှ သူ့ရဲ့ ဇာတ်ကောင်ပုံစံဟာဆိုရင်တော့ ယခင်တုန်းက သူ့ရဲ့ဇာတ်ကောင်တွေနဲ့ ကွဲပြားနေတာကိုတွေ့ရပါတယ်။
Bait ဇာတ်လမ်းတွဲဟာ ကွင်းဆက်လူသတ်သမားအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ Jang Geun Suk က ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေရဲ့နောက်ကွယ်က အမှန်တရားအကြောင်းကို ဇွတ်တရွတ်ရှာဖွေတဲ့ စုံထောက် Goo Do Han နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။
နူးညံ့တဲ့ဇာတ်ကောင်မျိုးတွေကိုသာ သရုပ်ဆောင်ခဲ့တဲ့ Jang Geun Suk ကို ဒီလိုခပ်ကြမ်းကြမ်းဇာတ်ရုပ်နဲ့ မြင်တွေ့ရတာက ဒါပထမဆုံးအကြိမ်ဖြစ်တာကြောင့် ပရိသတ်တွေအတွက် အမြင်ဆန်းလို့နေသလို Jang Geun Suk ကိုယ်တိုင်က သူ့အနေနဲ့ အဆိုပါဇာတ်ရုပ်ကို ပီပြင်နိုင်စေဖို့အတွက် မုတ်ဆိတ်မွှေးတွေအရှည်ထားခဲ့သလို တခြားလိုအပ်တာတွေကို အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။
အနုပညာလှုပ်ရှားမှုတွေကို ငါးနှစ်မျှရပ်နားထားခဲ့တဲ့ အချိန်အတွင်းမှာတော့ သူဟာ စိတ်ရော၊ လူပါ ကောင်းမွန်စွာ အနားယူခဲ့တာဖြစ်ပြီး အခုလိုမျိုးဇာတ်ကောင်ပုံစံအသစ်နဲ့ ပရိသတ်တွေထံပြန်လာနိုင်ဖို့ကိုလည်း အဆင်သင့်ပြင်ထားခဲ့တယ်လို့ ဆိုပါတယ်။
Ref : KDramaStars
Nemo