Jin ရဲ့နာမည်နဲ့ သစ်တောဖွင့်လှစ်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်

Jin ရဲ့နာမည်နဲ့ သစ်တောဖွင့်လှစ်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်

Jin ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်တွေ အများကြီးရှိတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အင်ဒိုနီးရှားပရိသတ်တွေကတော့ Jin ဟာ အားပေးအခံရဆုံး အနုပညာရှင်တစ်ဦး ဖြစ်နိုင်ပါတယ်။

အင်ဒိုနီးရှားမှာ သူ့ကို “Mas Ganteng” လို့ လူသိများ ပြီး Jin ရဲ့ ချောမောတဲ့ မျက်နှာနဲ့ ကုန်ပစ္စည်းမှန်သမျှ စက္ကန့်ပိုင်းအတွင်း ရောင်းထွက်သူလို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့အပြင် Jin ဟာ ထူးထူးခြားခြား သူ့ရဲ့နာမည်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပန်းခြံ/သစ်တော ၄ ခုအထိ ရှိပါတယ်။

မကြာသေးမီက အင်ဒိုနီးရှား ပရိသတ်အများအပြားဟာ Jin အတွက် နောက်ထပ်သစ်တောတစ်ခု ထပ်မံစိုက်ပျိုးရန် စုရုံးခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ လယ်ယာမြေ ပြန်လည်ထူထောင်ရေး အတွက် ရည်ရွယ်ပါတယ်။

Jin ရဲ့ အင်ဒိုပရိသတ်တွေဟာ ထောပတ်သီးပင် ၁၂၄ ပင်ကို စိုက်ပျိုးထားပြီး ဒီမြေကို ယခုအခါ Epiphany Forest 2 လို့ တရားဝင် ခေါ်ဆိုကြောင်း ဆိုင်းဘုတ်များ ရေးထိုးထားခဲ့သလို ယခုအခါ ဒီမြေလေးဟာ ဂေဟစနစ်နဲ့ စီးပွားရေးအရ အကျိုးပြုနိုင်ပြီဖြစ်ပါတယ်။

Jin အတွက် ရည်ရွယ်ထားတဲ့ ဒီသစ်တောဟာ ယခုအခါ အင်ဒိုနီးရှားသမ္မတနိုင်ငံ ပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်မှာ ရှိနေပြီး Jin ရဲ့ ပရိသတ်တွေက Catur Village (Boyolali) ရှိ ဒေသခံပြည်သူများရဲ့ ဂေဟစနစ်နဲ့ စီးပွားရေးကို ကူညီရန်အတွက် ဒီသစ်တောကို ဖန်တီးခဲ့ကြတာပါ။

Jin ဟာ အင်ဒိုနီးရှားမှာ BTS အဖွဲ့ဝင်တစ်ဦးအဖြစ် ကျော်ကြားရုံသာမက သူ့ရဲ့ပရိသတ်များအတွက်မူ ကုသိုလ်ကောင်းမှုရဲ့ သင်္ကေတအဖြစ် အပြုသဘောဆောင်သော ပုံရိပ်ကိုလည်း ဖန်တီးပေးနေလျက်ရှိပါတယ်။

အင်ဒိုနီးရှားရဲ့ TV News တွေကတော့ Jin အမည်ဖြင့် စိုက်ပျိုးထားသော သစ်တောသစ်အကြောင်း သတင်းတစ်ပုဒ်ကို ပြုလုပ်ခဲ့ပြီး ကမ်ပိန်းရဲ့ ဆောင်ပုဒ်ဟာလည်း လူငယ်မျိုးဆက်တွေနဲ့ စပ်လျဥ်းပြီး Jin ရဲ့ အထင်ကရ စကားစုဖြစ်တဲ့ “ဒါ ငါတို့ရဲ့ ပြောင်းလဲမှုကို ကြိုဆိုခြင်း” လို့ အမည်ရပါတယ်။

အင်ဒိုနီးရှား မီဒီယာနယ်ပယ်တွေမှာတော့ Jin ဟာ အတုယူလေးစားဖွယ်ရာ ပြယုဂ်တစ်ခုဖြစ်လာခဲ့ပြီး သူ့အမည်နဲ့ သစ်တောနဲ့ ပန်းခြံ နှစ်ခုအထိ ရှိနေပြီဖြစ်သလို တတိယသစ်တောကိုလည်း မကြာခင်မှာ စိုက်ပျိုးသွားဖို့ ပြင်ဆင်နေတယ်လို့ ပရိသတ်တွေက ပြောပြထားပါတယ်။

Jin ဟာ ငယ်ရွယ်စဉ်ကတည်းက စေတနာ့ဝန်ထမ်း အလုပ်မှာ စိတ်အားထက်သန်ခဲ့ပြီး ဂေဟစနစ်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် အရေးကြီးကြောင်းကို အဆက်မပြတ် လှုံ့ဆော်ပေးနေခဲ့တဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ပါ။

အင်ဒိုနီးရှားလူမျိုးတို့ရဲ့ Jin ရဲ့ စကားတွေကို လိုက်နာမှုတွေဟာလည်း အနုပညာရှင်တစ်ဦးအတွက် တော်ရုံမစွမ်းဆောင်နိုင်တဲ့ အထင်ကြီးဖွယ်အကောင်းဆုံး အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x