အမျိုးသား Idol တွေနဲ့ မျက်လုံးချင်းတောင်ဆုံခွင့်မပေးတဲ့ အေဂျင်စီရဲ့တင်းကြပ်မှုတွေအကြောင်းကို ဖွင့်ဟလာတဲ့ Oh My Girl အဖွဲ့ဝင် Mimi

Oh My Girl ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mimi ဟာဆိုရင် Idol တွေအချင်းချင်းသာနားလည်နိုင်တဲ့ အေဂျင်စီရဲ့တင်းကြပ်မှုတွေအကြောင်းကို အခု ဇန်နဝါရီလထဲမှာ ထုတ်လွှင့်သွားခဲ့တဲ့ “Dolsing Fourmen” အစီအစဉ်မှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။

အဆိုပါအစီအစဉ်မှာ သူမကို‌ တခြားတင်ဆက်သူတွေက ချစ်သူရည်းစားထားခဲ့ဖူးသလားလို့မေးမြန်းခဲ့ကြပြီး အဲဒီအခါမှာတော့ သူမက “ဟင့်အင်း … လုံး၀မထားဖူးဘူး … ဘာလို့လဲဆိုတော့ ကျွန်မတို့ကုမ္ပဏီက စည်းကမ်းအရမ်းတင်းကြပ်တာလေ … Music Show တွေပြီးခါးနီးလို့ ကျွန်မက တခြားအမျိုးသား Idol တွေ ဒီအတိုင်းလေးမတ်တပ်ရပ်မိရင်တောင် မန်နေဂျာက ကျွန်မ ပခုံးကိုလာပုတ်ပြီး သတိပေးရော … အဲဒီအခါကျ ကျွန်မကလည်း တစ်ဘက်ကိုလှည့်ပြီး နံရံကိုပဲ ကြည့်နေလိုက်ရတော့တာ” လို့ဆိုကာပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

သူမရဲ့အဖြေကိုကြားလိုက်ကြချိန်မှာတော့ ပါဝင်တင်ဆက်ကြသူတွေအကုန်လုံးက အံ့အားသင့်သွားခဲ့ပြီး “ဘယ်လိုကြီးလဲ … မင်းက ဂျိုဆွန်းခေတ်ကိုများပြန်ရောက်နေတာလား” လို့ဆိုပြီး မှတ်ချက်ပြုမေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီအခါမှာတော့ Mimi က “သူတို့ပြောတာတော့ အကြည့်ချင်းဆုံပြီးရင် နမ်းတတ်ကြတယ်တဲ့” လို့ဆိုကာ တစ်ဖန်တုံ့ပြန်ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူမက Idol  အများစုရဲ့ အချစ်ဇာတ်လမ်းတွေဟာ Music Show တွေမှာ အကြည့်ချင်းဆုံရာကနေ စတင်ကြတာဖြစ်တယ်လို့ ထုတ်ဖော်ဖွင့်ဟသွားခဲ့တာကိုတွေ့ရပါတယ်။

Ref : GStarLive

Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x