ရိုက်ကူးရေးစတင်နေပြီဖြစ်တဲ့ Lee Byung Hun, Park Seo Joon, Park Bo Young တို့ရဲ့ ဇာတ်ကားသစ်

ရိုက်ကူးရေးစတင်နေပြီဖြစ်တဲ့ Lee Byung Hun, Park Seo Joon, Park Bo Young တို့ရဲ့ ဇာတ်ကားသစ်

Lee Byung Hun, Park Seo Joon နဲ့ Park Bo Young တို့လို ကြယ်ပွင့်တွေ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားကြတဲ့ ‘Concrete Utopia’ ရုပ်ရှင်သစ်ကတော့ စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Uhm Tae Hwa ရိုက်ကူးထားတဲ့ ‘Concrete Utopia’ ရုပ်ရှင်ဟာ ဆိုးလ်ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံခဲ့ရပြီးနောက် သာမန်တိုက်ခန်းတစ်ခုမှာ စုစည်းနေထိုင်သူတို့ရဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။

ဆိုးရွားလှသော သဘာဝဘေးကြောင့် မြို့အများစု ပြိုပျက်သွားသော်လည်း ‘Hwang Goong Apartment’ ဟာ တစ်နည်းတစ်ဖုံ မပျက်မစီး တည်ရှိနေခဲ့ပုံကို မြင်တွေ့ရမှာပါ။

ဒီဇာတ်ကားမှာ လီဗြောင်ဟွန်းက ရုန်းရင်းဆန်ခတ်ဖြစ်မှုကို တုံ့ပြန်တဲ့အနေနဲ့ Young Tak ဆိုတဲ့ ခေါင်းဆောင်နေရာကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။

Park Seo Joon ကတော့ အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်း Min Sung အဖြစ် ခေါင်းဆောင် Lee Byung Hun နဲ့ လက်တွဲခဲ့ပြီး Park Bo Young ကတော့ Min Sung ရဲ့ ဇနီး သူနာပြု Myung Hwa အဖြစ် သရုပ်ဆောင် ထားပါတယ်။

ဒီဇာတ်ကားကို ၂၀၂၃ နှစ်လယ်နောက်ပိုင်းမှာ ပြသသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x