နှစ်လယ်ပိုင်းမှာ စစ်မှုထမ်းရတော့မယ်လို့ အတည်ပြုသွားခဲ့တဲ့ Lee Do Hyun

ပရိသတ်အချစ်တော် မင်းသား Lee Do Hyun ကတော့ ယခုနှစ် ပထမနှစ်ဝက်ထဲမှာ စစ်မှုထမ်းသွားရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့က JTBC Enternews ရဲ့ ဖော်ပြချက်အရ Lee Do Hyun ဟာ ယခုနှစ်အတွက် စီစဉ်ထားတဲ့ သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေကို ရိုက်ကူးပြီးစီးပြီးနောက် စစ်မှုထမ်းရန်အတွက် ပြင်ဆင်နေခဲ့ပြီလို့ သိရပါတယ်။
စစ်မှုမထမ်းခင်မှာ Lee Do Hyun ဟာ သူ့ရဲ့နောက်ထပ် ဒရာမာနဲ့ ရုပ်ရှင်တွေကို ရိုက်ကူးဖို့ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ မင်းသားက သူ့အလုပ်မထိခိုက်ဘဲ စစ်မှုထမ်းဖို့ အချိန်ဇယားကို ချိန်ညှိနေတယ်လို့လည်း သိရပါတယ်။ Lee Do Hyun ဟာ သူ့ရဲ့ ရိုက်ကူးရေးအားလုံးကို မတ်လအတွင်း အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။
၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Lee Do Hyun ဟာ စစ်မှုထမ်းရန် အချိန်များစွာကျန်နေသေးပေမဲ့ စောစီးစွာ စစ်မှုထမ်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ယခင်အင်တာဗျူးများမှာလည်း စစ်မှုထမ်းဖို့ စိတ်အားထက်သန်နေပြီဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့သူပါ။