နုပျိုချောမောနေလို့ ကျောင်းသားဇာတ်ကောင်နဲ့လည်း လိုက်ဖက်ညီနေခဲ့တဲ့ K-Drama သရုပ်ဆောင်များ

နုပျိုချောမောနေလို့ ကျောင်းသားဇာတ်ကောင်နဲ့လည်း လိုက်ဖက်ညီနေခဲ့တဲ့ K-Drama သရုပ်ဆောင်များ

K-သရုပ်ဆောင်တွေဟာ ဘယ်တော့မှ အသက်မကြီးဘူးလို့ လူသိများပါတယ်။ ဒါပေမဲ့ တချို့သော သရုပ်ဆောင်တွေကတော့ အသက်တောင် နောက်ပြန်ကြီးနေသယောင်ရှိပြီး အထက်တန်းကျောင်းသားဘဝနဲ့ ဝေးကွာသွားပေမယ့်လည်း အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ အသွင်အပြင်ကို အလွယ်ကူဆုံးပုံဖော်နိုင်တဲ့ ထင်ရှားတဲ့ သရုပ်ဆောင်အချို့ရှိပါတယ်။

ဒါကြောင့် ပြီးပြည့်စုံတဲ့ အထက်တန်းကျောင်းသားလေးတွေရဲ့အသွင်အပြင်ကို ဂရုတစိုက်ပုံဖော်ထားနိုင်ခဲ့ကြတဲ့ သရုပ်ဆောင် ၈ ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

1. SF9 အဖွဲ့ဝင် Rowoon

အသက် ၂၆ နှစ်အရွယ် Rowoon ကတော့ ပြီးပြည့်စုံတဲ့ ကောလိပ်ကောင်လေးဇာတ်ရုပ်ကိုသာမက အထက်တန်းကျောင်းသားအဖြစ်လည်း အပြီးပြည့်စုံဆုံး ပုံဖော်သွားနိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် “Extraordinary You” ထဲက Haru ကို သူဘယ်လောက်ထိ အကောင်းဆုံး စွမ်းဆောင်သွားနိုင်ခဲ့လဲဆိုတာ ကြည့်ရှုနိုင်ပါတယ်။

2. Kim Min Jae

Kim Min Jae ကတော့ အမြဲတမ်း အသက် ၁၈ ပါပဲ။ အသက် ၁၆ အရွယ် အထက်တန်းကျောင်းသားဆိုလည်း သူ့အတွက် အေးဆေးပါပဲ။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်လုံးတွေနဲ့ လည်း ဆွဲဆောင်မနိုင်သူဖြစ်ပြီး သူဟာ စံပြကျောင်းသားတစ်ဦးရဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေသူပါ။

3. Ahn Hyo Seop

Ahn Hyo Seop ကတော့ ပြီးပြည့်စုံတဲ့ သီးသန့်အထက်တန်းကျောင်းသား ဖြစ်ပုံရပါတယ်။ သူ့ကြည့်ရတာ အတန်းထဲမှာ ပညာရပ်ဆိုင်ရာအရာရာကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေတဲ့ အတန်းခေါင်းဆောင်ပုံစံမျိုး စမတ်ကျကျနဲ့ ဥာဏ်ထက်မြက်တဲ့ ကျောင်းသားလိုပါပဲ။

4. Park Bo Young

အသက် ၃၂ နှစ်အရွယ်မှာတောင်မှ Park Bo Young ဟာ ၁၈ နှစ်အရွယ် ကျောင်းသူလေးအဖြစ် အလွယ်တကူ ဖြတ်သန်းနိုင်ပါတယ်။သူမရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်၊ ငယ်ရွယ်နုပျိုနေတဲ့ ရုပ်ရည်တို့ကြောင့် Park Bo Young ကို အခုချိန်မှာ နောက်ထပ်ကျောင်းသားဒရာမတွေမှာ ပါလာဦးမယ်ဆိုရင်လည်း အံ့အားသင့်ဖို့တော့မရှိပါဘူး။

5. Park Shin Hye

Park Shin Hye အနေနဲ့ အထက်တန်းကျောင်းဒရာမာတွေ အများကြီးရိုက်ဖြစ်ရတဲ့ အကြောင်းရင်းရှိပါတယ်။ “The Heirs” က သူမရဲ့ Cha Eun Sang သရုပ်ဖော်ပုံဟာ ဘယ်လောက်ကောင်းလဲဆိုတာကို ကြည့်ရှုဖူးသူတွေအနေနဲ့ဆိုရင်တော့ သူမဟာ အထက်တန်းကျောင်းသူတစ်ယောက်လို့တောင် အထင်မှားသွားစေနိုင်ပါတယ်။

6. Hwang In Yeop

“True Beauty” မှာ သူ့ရဲ့ဇာတ်ကောင်ကို Hwang In Yeob က ကောင်းကောင်းပုံဖော်ထားနိုင်ခဲ့တာကြောင့် အသက် ၃၀ ကျော်လောက်ရှိမယ်လို့ လုံးဝထင်မိမှာမဟုတ်ပါဘူး။ သူ့အမူအရာနဲ့ စကားပြောပုံတို့ကလည်း သူဟာ တကယ့်အထက်တန်းကျောင်သားဖြစ်တယ်လို့ ခံစားရစေပါတယ်။

7. EXO အဖွဲ့ဝင် D.O.

D.O. က ဘယ်တော့မှ အသက်မကြီးတဲ့သူမျိုးပါပဲ။ “Growl” ပရိုမိုးရှင်းတွေမှာတောင် D.O. က အထက်တန်းကျောင်းသားရဲ့ အသွင်အပြင်ကို ဘယ်လောက်ထိ ဆွဲထုတ်နိုင်ခဲ့သလဲဆိုတာကို ကြည့်ရှုနိုင်ပါတယ်။

8. Suzy

“Big” ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ချမ်းသာပြီး မောက်မာတဲ့ အထက်တန်းကျောင်းသူလေး Suzy ဟာ သူမရဲ့ဇာတ်ရုပ်ကို အပြီးပြည့်စုံဆုံးဖြစ်နေအောင် ပုံဖော်ထားနိုင်ခဲ့ပါတယ်။ သူမသဟာ ဒီဇာတ်ကောင်ကို အပြစ်ကင်းစင်စွာ လွှမ်းခြုံထားနိုင်ခဲ့သလို ငယ်ရွယ်တဲ့ ကျောင်းသူလေးတစ်ဦးအဖြစ်လည်း သူမရဲ့လိုက်လျောညီထွေရှိခဲ့မှုတွေဟာ ကျေနပ်စရာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x