MBC ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ့် Lee Se Young

Lee Se Young ဟာ MBC ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းတွဲသစ်မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှာ Lee Se Young ရဲ့ အေဂျင်စီ Prain TPC မှ ကိုယ်စားလှယ်တစ်ဦးက Lee Se Young ဟာ MBC ရဲ့ ဒရာမာအသစ် ‘Park’s Contract Marriage Story’ ရဲ့ ထုတ်လုပ်သူထံမှ ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီး သူမရဲ့ဇာတ်ရုပ်အတွက် စဥ်းစားနေကြောင်း ထုတ်ပြန်လာခဲ့တာပါ။

နာမည်တူ webtoon ပေါ်မှာ အခြေခံ ရိုက်ကူးသွားမယ့် “Park’s Contract Marriage Story” ဟာ ရဲရင့်တဲ့ Miss Park နဲ့ လူပျိုကြီး Kang Tae Ha တို့ကြား မတူညီတဲ့ ရည်ရွယ်ချက်များအတွက် လက်ထပ်စာချုပ်ကို ရေးဆွဲထားခဲ့ပုံကို ကြည့်ရှုသွားရမှာပါ။

Lee Se Young ဟာ အဓိကဇာတ်ဆောင် Park Yeon Woo အဖြစ် ကမ်းလှမ်းခံထားခဲ့ရပြီး ၂၀၂၁ ခုနှစ်ကလည်း Lee Se Young ဟာ MBC ရဲ့ နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲ “The Red Sleeve” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာအနှံ့ ရေပန်းစားသွားခဲ့တာကြောင့် ဒီတစ်ခေါက်မှာလည်း MBC နဲ့အတူ တစ်ကျော့ပြန် အောင်မြင်မှုတွေ ရယူသွားနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုသွားရပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x